Skip to playerSkip to main content
  • 10 years ago
ဆက်လက်ပြီး ရုရှား ပရိတ်သတ်တွေ အိမ်ပြန်ပို့ခံရတဲ့အကြောင်းကို ရှုစားရဦးမှာပါ။ ပြင်သစ် အာဏာ ပိုင်တွေက အိမ်ပြန်ပို့လိုက်တဲ့ ရုရှားဘောလုံး ပရိတ်သတ်တချို့ မော်စကိုမြို့ကို စနေနေ့မှာ ပြန်လည် ရောက်ရှိ သွားပါတယ်။ ရုရှားဘောလုံးအသင်းကို အားပေးသူအဖွဲ့ ခေါင်းဆောင်နဲ့ ပရိတ်သတ် ၂၀တို့ ကို ပြန်ပို့လိုက်တာ ပါ။ ရုရှားဘောလုံးအသင်း အားပေးသူအဖွဲ့ခေါင်းဆောင်ကတော့ ယူရိုပြိုင်ပွဲမှာ တိုက်ခိုက်မှု တွေ ဆက်ဖြစ်နေ တဲ့အတွက် လုံခြုံရေး ဆောင်ရွက်တာတွေ ညံ့ဖျင်းတယ်လို့ ဝေဖန်သွားပါတယ်။ အခု ပြန်ပို့ခံရတဲ့ ရုရှား ပရိတ်တွေဟာ အင်္ဂလန် ပရိတ်သတ်တွေနဲ့ ခိုက်ရန် ဖြစ်ပွားလို့ ထိမ်းသိမ်းခံထားရတဲ့ ၄၃ ယောက် အုပ်စုထဲက ဖြစ်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့တုန်းကလည်း ပြင်သစ် အာဏာပိုင်တွေက ခိုက်ရန် ဖြစ်ပွားမှုတွေမှာ ပါဝင်တဲ့ ရုရှားဘောလုံး ပရိတ်သတ် ၃ ဦးကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။

နောက်သတင်းတပုဒ်မှာတော့ ပြင်သစ် ဘယ်နောက်တန်းသမား ပက်ထရက် အီဗရာက ယူရိုပြိုင်ပွဲမှာ အသင်းနဲ့အတူ ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် နောက်တန်း သမားဟာ အသင်းဟောင်း မန်ယူနဲ့ ပရီးမီးယားလိဂ်ဖလား ၅ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိထားပါတယ်။ ဒါ့အပြင် လက်ရှိ ကစားနေတဲ့ ဂျုဗင်တပ်အသင်းကို အီတလီ အမှတ်ပေးလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။ ကစားသမား ဘ၀ အဆုံးမှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံ ဖြစ်ခြင်ပါတယ်လို့လည်း အီဗရာက ပြောပါတယ်။ ပြင်သစ်ဟာ လောလောဆယ်မှာ ၂ ပွဲနိုင်ထားလို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်ရှင်။

ယူရိုပြိုင်ပွဲမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ သတင်းကိုလည်း တင်ဆက်ပေးဦးမှာပါ။ ဟန်ဂေရီဘောလုံး ပရိတ်သတ်တွေနဲ့ ပြင်သစ်ရဲတပ်ဖွဲ့တွေကြားမှာ စနေနေ့ကအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါ တယ်။ ဟန်ဂေ ရီနဲ့ အိုက်စလန် ပွဲစဉ် မစခင် မားဆေးမြို့က ဘောလုံးကွင်းထဲမှာ ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဘောလုံးကွင်းထဲမှာ ဟန်ဂေရီ ပရိတ်သတ်တွေက တခြား ပွဲကြည့်စင်မှာ ရှိနေတဲ့ ပရိတ်သတ်တွေနဲ့ ပူးပေါင်းဖို့ ကြိုးစားရာကနေ ကွင်းလုံခြုံရေးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိတိုက်တိုးခဲ့တာပါ။ ရဲတပ်ဖွဲဝင်တွေက နံပါတ်တုတ်တွေ ငရုတ်ကောင်းရေတွေ အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ယူရိုပြိုင်ပွဲမှာ ပရိတ်သတ်တွေကြားမှာ အကြမ်းဖက်တာ၊ ခိုက်ရန်ဖြစ်ပွားတာတွေ လုပ်ရင် သက်ဆိုင်ရာ အသင်းကို ယူရိုပြိုင်ပွဲကနေ ထုတ်ပယ်မယ်လို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ တပတ်ကလည်း ရုရှားနဲ့ အင်္ဂလန် ပရိတ်သတ်တွေကြားမှာ အုပ်စုလိုက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် အာဏာပိုင်တွေက ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားနဲ့ တူရကီ ပရိတ်သတ်တွေရဲ့ လုပ်ရပ်တွေ အတွက် စုံစမ်း စစ်ဆေးမှု လုပ်နေပြီလို့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို သတိပေး လိုက်ပါတယ်။ ခရိုအေးရှားနဲ့ တူရကီ ပရိတ်သတ်တွေဟာ ဘောလုံးကွင်းကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာ၊ မီးကျည် ပစ်လွှတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေဟာ ယူအီးအက်ဖ်အေရဲ့ အရေးယူမှုကို ခံရမှာ ဖြစ်ပါတယ်။ ခရိုအေးရှား ပရိတ်သတ်တွေဟာ ချက်နဲ့ ကစားတဲ့ ပွဲစဉ်မှာ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေ ပြုလုပ်တယ်လို့ စွပ်စွဲခံနေရပြီး တူရကီ ပရိတ်သတ်တွေကတော့ စပိန်နဲ့ ပွဲစဉ်မှာ ကွင်းထဲကို ၀င်ရောက်ကြိုးစားတွေ လုပ်ခဲ့ပါတယ်။ ကြားနာ စစ်ဆေးမှုတွေကို တနင်္လာနေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ခရိုအေရှား ဘောလုံသမားတွေက ပရိတ်သတ်တွေရဲ့ လုပ်ရပ်ကြောင့် ပြိုင်ပွဲကနေ အထုတ်ခံရမှာကို စိုးရိမ်နေပါတယ်။

Category

🥇
Sports

Recommended