Skip to playerSkip to main content
  • 10 years ago
ဒီတပတ် ဒီဗွီဘီ ဒီဘိတ်မှာ "အခုလိုပြုပြင်ပြောင်းလဲရေးကာလမှာ ထင်ရှားကျော်ကြားသူတွေအနေနဲ့
ဘယ်လောက်ပူးပေါင်းပါဝင်ဖို့လိုအပ်လဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြပါတယ်။
ကမ္ဘာတ၀ှမ်းလုံးမှာ မရေမတွက်နိုင်တဲ့ ထင်ရှားကျော်ကြားသူတွေဟာ သူတို့ရဲ ကျော်ကြားမှုနဲ့ အဆင့်နေရာကို ခေတ်ပြိုင် နိုင်ငံရေးကိစ္စတွေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုကို ရအောင် အသုံးချကြပါတယ်၊
ဒီနေ့ မြန်မာ့မီဒိယာ လောကမှာလည်း ဆင်ဆာ ကင်းလွတ်ခွင့်ပြုလိုက်တာနဲ့အတူ လွတ်လပ်မှုအသစ်တွေ ရလာပြီးဖြစ်လို့ ထင်ရှားကျော်ကြားသူတွေဟာ အရေးကြီးတဲ့ မျက်မှောက်ရေးကိစ္စတွေမှာ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ အမြင်တွေကို သူတို့ကို ချစ်တဲ့ ပရိသတ်ဆီကို အရောက်ပို့ပေးနိုင်တဲ့ အခွင့်အရေးတွေ အရင်ကထက် ပိုရလာပါတယ်။
ဒီတပတ်မှာ ပင်တိုင်ဆွေးနွေးပေးဖို့ ဟစ်ဟော့ပ် ကြယ်ပွင့်နဲ့ လွှတ်တော်အမတ်၊ ဇေယျာသော်၊ ပန်းချီဆရာ အေးကို၊ ရုပ်ရှင်ဒါရိုက်တာ မိုက်တီးနဲ့ တေးရေး တေးဆို အရိုး တို့ကို ဖိတ်ခေါ်ထားပါတယ်။

Category

📺
TV

Recommended