Skip to playerSkip to main content
  • 10 years ago
ယခုအပတ် သင်္ကြန်ကာလရဲ့ ဒီဗွီဘီဒီဘိတ် အစီအစဉ်မှာတော့ မြန်မာတို့ရဲ့ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု စရိုက်လက္ခဏာများအကြောင်းကို ဆွေးနွေးထားပါတယ်။
မြန်မာ့ ယဉ်ကျေးမှုဟာ ဗုဒ္ဓ၀ါဒကြီ်းမားစွာ လွှမ်းမိုးထားတဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ စတင်၍ အချို့သော ရိုးရာယဉ်ကျေးမှု ပွဲတော်များဟာ ခေတ်ရေစီးကြောင်းရဲ့ လွှမ်းမိုးခြင်းကို ကြုံလာရပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့ရဲ့ နှစ်ဟောင်းမှ အကုသိုလ် အညစ်အကြေးများကိုဖယ်ရှားတဲ့ အထိမ်းအမှတ် လက္ခဏာ ဖြစ်တဲ့ သင်္ကြန်ကာလအတွင်း ညင်သာစွာ ရေပတ်ဖြန်းမှုနေရာတွင် ကျယ်လောက်သော ဂီတသံစဉ်များ ဖွင့်၍ ရေပိုက်လုံးများဖြင့် ရေပက်ခြင်းတို့က အစားထိုးဝင်ရောက်လာပါတယ်။ ထိုအပြင် လူငယ်များကလည်း သင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုအသစ်များအား စမ်းသပ် အသုံးပြုသော ပွဲတော်အဖြစ် မှတ်ယူလာကြပါတယ်။

Category

📺
TV

Recommended