Skip to playerSkip to main content
  • 10 years ago
ယခုအပတ် ဒီဗွီဘီ ဒီဘိတ်အစီအစဉ်မှာ ဆွေးနွေးမေးမြန်းဖြစ်တာကတော့ "မိမိတို့အတွက် အမျိုးသားသရုပ်လက္ခဏာဟာ ဘယ်အရာလဲ' ဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်ပြီးပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အထင်ကရရုံးပိတ်အားလပ်ရက်တွေထဲက တစ်ခုဖြစ်တဲ့ ပြည်ထောင်စုနေ့ကို မြန်မာပြည်မှာ ကျင်းပခဲ့ပါတယ်။ သို့သော်လည်းပဲ နိုင်ငံမှာရှိနေတဲ့ လူတော်တော်များများအတွက်ကတော့ စည်းလုံးညီညွတ်မှုဆိုတာဟာ တကယ့်လက်တွေ့နဲ့ အလှမ်းကွာဝေးနေစဲ ဖြစ်နေတုန်းပါပဲ။ မြန်မာပြည်နယ်စပ်ဒေသတွေ တစ်လျှောက်မှာ ပြည်တွင်းစစ်က ဆက်လက် ဖြစ်ပွားနေစဲဖြစ်နေပြီး၊ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်း တော်တော်များများနဲ့ လက်နှက်ကိုင်အင်အားစုတွေဟာလဲ ဗဟိုအစိုးရဆီကနေ လွတ်လက်ခွင့်တွေပိုမိုရရှိနိုင်ဖို့ရာ တောင်းဆိုနေရတုန်းပဲ ရှိနေပါသေးတယ်။

Category

📺
TV
Comments

Recommended