• 10 years ago
ကျိုက်ထီးရိုးစေတီတော်မှာ သတ်မှတ်တာထက် ပိုဆောက်လုပ်ထားတဲ့တည်းခိုးခန်းတွေ စေတီတော်ဂေါကပအဖွဲ့ရွှေပြားသင်္ကန်းတွေရောင်းချရမှာလည်း အရည်အသွေးမပြည့်ဝတာတွေရှိနေတာတွေနဲ့ ပတ်သတ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပြင်ဆင်ဖို့ သတိပေးထားပေးမယ့် ရိုးရိုးလေးကုမ္ဗဏီ၊ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ အနေနဲ့ ပြုပြင်ပါမယ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ဦးဆောင်မှုခံယူပါမယ်လို့ ဝန်ခံတောင်းပန်တာမရှိတာကြောင့် တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။ ဒီကနေ့ပြည်သူ့လွှတ်တော်အပြီး သတင်းမီဒီယာအချို့ရဲ့မေးမြန်းချက်ကိုအခုလိုဖြေကြားခဲ့တာပါ။

အခုလိုတရားစွဲဆိုမှုကို ဘာသာရေးဆိုင်ရာ ဥပဒေတွေအရ နိုင်ငံတော်အဆင့်တရားစွဲအရအရေးယူသွားမှာဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်က သဘောထားမှတ်ချက်ယူထားတယ်လို့သိရပါတယ်။ အခုလိုလုပ်ဆောင်တာဟာ တရားဥပဒေစိုးမိုး စေချင်တဲ့အတွက် လုပ်ဆောင်တယ်လို့ ပြည်ထောင်စုဝန်ကြီးကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က နေပြည်တော် သာသနာရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဆုံးဖြတ်လိုက်တယ်လို့ ညှိနှိုင်းပွဲအပြီး သတင်းမီဒီယာအချို့ကိုပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ဇွန်လပိုင်းက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ကျိုက်ထီးရိုးစေတီတော်ကို သွားရောက်ပြီး ဟိုတယ်လုပ်ငန်းရှင်တွေ၊ စေတီတော်ဂေါပကနဲ့ ရပ်မိရပ်ဖတွေကိုတွေ့ဆုံပြီး စေတီတော်မှာရှိတဲ့ တည်းခိုခန်းတွေကို စစ်ဆေးရာမှာ ရိုးရိုးလေးကုမ္ဗဏီကိုခွင့်ပြုထားတဲ့ အခန်းပမာဏထပ် တရားမဝင်အခန်း ၁၀၆ခန်း ရှိနေတာကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

ရိုက်ကူး - ကျော်ဇေယျာဝင်း
DVB TV - 14.09.2016

Category

🗞
News

Recommended