Skip to playerSkip to main content
  • 10 years ago
အရင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ်မှာ နှစ်ပေါင်းများစွာ ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မကြာခင်မှာ ပြန်လည်ရုတ်သိမ်းသွားဖို့ အဆင်သင့်ပြင်ဆင်ထားပြီလို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီကို တရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်တာပါ။ ဒါ့အပြင် အိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် အချိန်ပိုင်းမှာပဲ မြန်မာပို့ကုန်တွေအတွက် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေး GSP ပေးဖို့ အမေရိကန်ကွန်ဂရက်ကို စာလွှာပေးပို့ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းခြင်းနဲ့အတူ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ရရှိလာတာနဲ့အမျှ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်လာနိုင်ပြီး အမေရိကန် လူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ကြည့်ကြဖို့ကိုလည်း အိုဘားမားက တိုက်တွန်းပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကလည်း "အခုချိန် မြန်မာနိုင်ငံဟာ စီးပွားရေး ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူတွေ ကောင်းမွန်စွာ လက်ခံနိုင်တဲ့ အနေအထားကို ရောက်ရှိလာနေတာမို့ စီးပွားရေးပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ အချိန်အခါသင့်ပါပြီ၊ ဒါကြောင့် မြန်မာနိုင်ငံကို လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်၊ ဒီမှာ ရင်းနှီးမြုပ်နှံမှုလုပ်လို့ နှစ်ဦးနှစ်ဖက် ဘယ်လိုအကျိုးရှိမလဲဆိုတာ လာရောက်ကြည့်ရှုနိုင်ပါတယ်"လို့ ထည့်သွင်းပြောဆိုပါတယ်။

။ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ ပြီးပြည့်စုံ ပြီးပြတ်မှု မရှိသေးပေမယ့် မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ရှိနေတယ်လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသွားပါတယ်။

"I indicated after consulting with Daw Suu that the United States is now prepared to lift sanctions that we have imposed for quite some time."
"I think this will give the United States, our businesses, our nonprofit institutions greater incentive to invest and participate in what we hope will be an increasingly democratic and prosperous partner for us in the region."
"Congratulations on the progress that has been made. It is not complete and I think Daw Suu is the first one to indicate that a lot of work remains to be done, but it's on the right track."
- U.S. PRESIDENT BARACK OBAMA

"What all of us want is a truly democratic federal union, a union in which we can create true strength out of diversity and which we can celebrate our diversity as a greater resource, our greatest richness. We are trying to do that now, and we are grateful to all our friends, of course the United States more than Daw Suu, who have been helping us in this process."
"We think that the time has now come to remove all the sanctions that hurt us economically because our country is in a position to open up to those who are interested in taking part in economic enterprises. We would like to invite all of you to come see our country, to see why you should invest there, and see how you can invest there in such a way that you will benefit from it as much as we can."
- DAW AUNG SAN SUU KYI

DVB TV - 15.09.2016

Category

🗞
News

Recommended