ကရင်ပြည်နယ် မဲသဝေါဒေသ တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ သက်ဆိုင်ရာက မိုင်းရှင်းလင်းရေးကို ဆောင်ရွက်သွားမှာဖြစ်သလို ပြည်တွင်း NGO၊ CBO အဖွဲ့တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ပှုးပေါင်းပြီး မိုင်းအသိပညာပေးတဲ့ကိစ္စတွေကိုဆောင်ရွက်သွားဖို့လည်း ရှိနေပါတယ်။ ဒီလိုမိုင်းရှင်းလင်းရေးကိစ္စမှာ အထူးပါဝင်ရမယ့် သူတွေက ဝင်တိုက်တဲ့သူတွေနဲ့ မိုင်းထောင်ထားတဲ့ သူတွေဖြစ်တယ်လို့ ပစ်ခတ်တိုက်ခိုက်မှူ ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဌ(၂) နန်းစေးအွါကပြောပါတယ်။
DVB TV - 27.09.2016