ဒီတစ်ပတ် Irrawaddy Dateline အစီအစဉ်ကတော့ ၁၉၆၂ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ သမ္မတရာထူးနေရာကို စစ်တပ်မှ ဗိုလ်ချုပ်ဟောင်းများကသာ နေရာယူထားကြတဲ့အတွက် ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အရပ်သားသမ္မတ ဘယ်တော့များမှ တက်ရောက်နိုင်မလဲဆိုတာကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနှင့်အတူ နိုင်ငံရေးလေ့လာသုံးသပ်သူတွေဖြစ်ကြတဲ့ ဒေါက်တာရန်မျိုးသိမ်းနှင့် ကိုဝတို့က ပါဝင်ဆွေးနွေးတင်ပြထားကြပါတယ်။