ZawGyi-
ရန္ကုန္ၿမိဳ႕အတြင္းရိွ ေရႀကီးေရလွ်ံမႈ ျဖစ္ေနသည့္ ေျမာင္းမ်ားကို ျပင္ဆင္ရန္ ကမာၻ႔ဘဏ္မွ ကူညီေပးမည့္ အေမရိကန္ ေဒၚလာ ၁၂၅ သန္းထဲမွ သန္း ၁၀၀ ကို သံုးစြဲသြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဆိုသည္။
ယမန္ေန႔က က်င္းပခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ တစ္ႏွစ္တာ ေဆာင္ရြက္ခ်က္မ်ာႏွင့္ ပတ္သက္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာဆိုခဲ့ျခင္းျဖစ္သည္။
"လာမယ့္ပြင့္လင္းရာသီမွာ ေရႀကီးေရလွ်ံမႈျဖစ္ေနတဲ့ေျမာင္းေတြကို ျပင္ဆင္ႏိုင္ဖို႔အတြက္ သန္းတစ္ရာသံုးစြဲသြားႏိုင္ဖို႔ စီမံခ်က္ေရးဆြဲထားၿပီးျဖစ္ပါတယ္" ဟု ဦးၿဖိဳးမင္းသိန္းက ဆိုသည္။
ၿပီးခဲ့သည့္ႏွစ္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔အေနျဖင့္ က်ပ္ေငြ ၁ဘီလီယံ သံုးစြဲၿပီး ေျမာင္းရွင္းလင္းေရးလုပ္ငန္းမ်ားကို ပုဂၢလိကအား တာ၀န္ယူေစၿပီး ေဆာင္ရြက္ခဲ့ေသာ္လည္း မိုးရြာသြန္းမႈမ်ားျပားပါက ရန္ကုန္ၿမိဳ႕အတြင္းရိွ ေျမာင္းမ်ားအား ေရဆြဲခ်ႏိုင္ရန္ မလံုေလာက္ေသးေၾကာင္း ဦးၿဖိဳးမင္းသိန္းက ထည့္သြင္းေျပာဆို သြားခဲ့သည္။
ၿပီးခဲ႔တဲ႔တစ္ပတ္က ရန္ကုန္ၿမိဳ႕မွာ မိုးရြာသြန္းမႈမ်ားတာေၾကာင္႔ ရန္ကုန္ၿမိဳ႕ရိွ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး တာေမြ၊ ေျမနီကုန္း၊ လိႈင္၊ မဂၤလာေတာင္ညြန္႔ တို႔တြင္ ေရနစ္ျမွဳပ္မႈမ်ား ျဖစ္ေပၚခဲ့သည္။
ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးကေတာ့ "မိုးအရမ္းမရြာဖို႔ မိုးရပ္ပါေတာ့ပဲ ဆုေတာင္းရေတာ့တယ္" ဟု ယင္းသတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။
Unicode-
ရန်ကုန်မြို့အတွင်းရှိ ရေကြီးရေလျှံမှု ဖြစ်နေသည့် မြောင်းများကို ပြင်ဆင်ရန် ကမ္ဘာ့ဘဏ်မှ ကူညီပေးမည့် အမေရိကန် ဒေါ်လာ ၁၂၅ သန်းထဲမှ သန်း ၁၀၀ ကို သုံးစွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်မျာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
"လာမယ့်ပွင့်လင်းရာသီမှာ ရေကြီးရေလျှံမှုဖြစ်နေတဲ့မြောင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် သန်းတစ်ရာသုံးစွဲသွားနိုင်ဖို့ စီမံချက်ရေးဆွဲထားပြီးဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျပ်ငွေ ၁ဘီလီယံ သုံးစွဲပြီး မြောင်းရှင်းလင်းရေးလုပ်ငန်းများကို ပုဂ္ဂလိကအား တာဝန်ယူစေပြီး ဆောင်ရွက်ခဲ့သော်လည်း မိုးရွာသွန်းမှုများပြားပါက ရန်ကုန်မြို့အတွင်းရှိ မြောင်းများအား ရေဆွဲချနိုင်ရန် မလုံလောက်သေးကြောင်း ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောဆို သွားခဲ့သည်။
ပြီးခဲ့တဲ့တစ်ပတ်က ရန်ကုန်မြို့မှာ မိုးရွာသွန်းမှုများတာကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တာမွေ၊ မြေနီကုန်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့် တို့တွင် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်မြို့၏ မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ "မိုးအရမ်းမရွာဖို့ မိုးရပ်ပါတော့ပဲ ဆုတောင်းရတော့တယ်" ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။