ZawGyi -
Unicode -
၁၀၆ ကြိမ်မြောက်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာ ကမ်းလွန်ရေနံ အလုပ်ရှင် အလုပ်သမား ရေးရာအငြင်းပွားမှု ပြဿနာတွေကို ဆွေးနွေးသွားမယ်လို့သိရပါတယ်။ ဇွန်လ ၁ ရက်က ယုဇနဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၅ရက်ကနေ ၁၆ရက်ထိ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကို တက်ရောက်ဆွေးနွေးမည့် ဦးစောတင်က မြန်မာနိုင်ငံမှာ နိုင်ငံတာကားစံနှုန်းနှင့်အညီ ကမ်းလွန်ရေနံ့နှင့်ပတ်သက်ပြီး ဥပဒေထွက်ပေါ်စေချင်တယ်လို့ ပြောပါတယ်။