• 9 years ago
ZawGyi-

ျမန္မာႏိုင္ငံကို ေရာက္ရွိေနေသာ ရီးရဲမက္ဒရစ္ႏွင့္ စပိန္တိုက္စစ္မွဴးေဟာင္းမိုရီယန္ေတးစ္သည္ ယေန႔ ဇြန္လ ၃ ရက္တြင္ ရန္ကုန္ယူႏိုက္တက္ေဘာလံုးကြင္းသို႔ သြားေရာက္ကာ အေပ်ာ္တမ္း ေဘာလံုးကစားခဲ့သည္။

ရန္ကုန္ယူႏိုက္တက္နည္းျပအပါအ၀င္ လူငယ္မ်ားႏွင့္ ႏွစ္ဘက္ခြဲကစားခဲ့ရာ မိုရီယန္ေတးစ္က တစ္ဂိုးသြင္းယူခဲ့သည္။

ထို႔အျပင္အေပ်ာ္တမ္းေဘာလံုးဂိမ္းအခ်ိဳ႕ကစားခဲ့ျပီး ၀ိုင္းျခင္းခပ္ရာတြင္လည္း မိုရီယန္ေတးစ္ ပါ၀င္ကစားခဲ့သည္။ မိုရီယန္ေတးစ္သည္ UEFA၏ ခ်န္ပီယံလိဂ္ျပိဳင္ပြဲျမွင့္တင္ေရး အစီအစဥ္တစ္ရပ္အေနျဖင့္ Heineken ရဲ႕ Champion The Match အတြက္ ျမန္မာႏိုင္ငံကို ဇြန္လ ၂ ရက္က လာေရာက္ခဲ့ျခင္းျဖစ္သည္။

ဇြန္လ ၄ ရက္ နံနက္အေစာပိုင္းတြင္ Melia ဟိုတယ္၌ ျမန္မာပရိသတ္၁၀၀ႏွင့္အတူ ဂ်ဴဗင္တပ္ႏွင့္ ရီးရဲလ္မက္ဒရစ္တို႔၏ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ၾကည့္ရႈအားေပးမည္ျဖစ္သည္။

မိုရီယန္ေတးသည္ ရီးရဲလ္မက္ဒရစ္တြင္ ေျခစြမ္းျပခဲ့ျပီးေနာက္ လီဗာပူးႏွင့္မိုနာကို အသင္းမ်ားသို႔ ေရႊ႕ေျပာင္းကစားခဲ့သည္။ ျပီးခဲ့သည့္ႏွစ္က ခ်န္ပီယံလိဂ္ ျမွင့္တင္ေရးအစီအစဥ္အျဖစ္ အာဆင္နယ္ ကစားသမားေဟာင္း ယြန္ဘက္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည္။

Unicode -

မြန်မာနိုင်ငံကို ရောက်ရှိနေသော ရီးရဲမက်ဒရစ်နှင့် စပိန်တိုက်စစ်မှူးဟောင်းမိုရီယန်တေးစ်သည် ယနေ့ ဇွန်လ ၃ ရက်တွင် ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းသို့ သွားရောက်ကာ အပျော်တမ်း ဘောလုံးကစားခဲ့သည်။

ရန်ကုန်ယူနိုက်တက်နည်းပြအပါအဝင် လူငယ်များနှင့် နှစ်ဘက်ခွဲကစားခဲ့ရာ မိုရီယန်တေးစ်က တစ်ဂိုးသွင်းယူခဲ့သည်။

ထို့အပြင်အပျော်တမ်းဘောလုံးဂိမ်းအချို့ကစားခဲ့ပြီး ၀ိုင်းခြင်းခပ်ရာတွင်လည်း မိုရီယန်တေးစ် ပါ၀င်ကစားခဲ့သည်။ မိုရီယန်တေးစ်သည် UEFA၏ ချန်ပီယံလိဂ်ပြိုင်ပွဲမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် Heineken ရဲ့ Champion The Match အတွက် မြန်မာနိုင်ငံကို ဇွန်လ ၂ ရက်က လာရောက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၄ ရက် နံနက်အစောပိုင်းတွင် Melia ဟိုတယ်၌ မြန်မာပရိသတ်၁၀၀နှင့်အတူ ဂျူဗင်တပ်နှင့် ရီးရဲလ်မက်ဒရစ်တို့၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ရှုအားပေးမည်ဖြစ်သည်။

မိုရီယန်တေးသည် ရီးရဲလ်မက်ဒရစ်တွင် ခြေစွမ်းပြခဲ့ပြီးနောက် လီဗာပူးနှင့်မိုနာကို အသင်းများသို့ ရွှေ့ပြောင်းကစားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ် မြှင့်တင်ရေးအစီအစဉ်အဖြစ် အာဆင်နယ် ကစားသမားဟောင်း ယွန်ဘက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

Category

🗞
News

Recommended