ZawGyi -
ျမန္မာႏိုင္ငံ၏ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ အသံုးျပဳႏိုင္ရန္ ျပည္တြင္းအလွဴရွင္မ်ား မွ ၅ လအတြင္း ေငြက်ပ္ ၁၅ ဘီလီယံေက်ာ္လွဴဒါန္းထားေၾကာင္း ပအိုင္းလြတ္ေျမာက္ေရးအဖြဲ႕ (PNLO) မွ ဗိုလ္မွဴးႀကီးခြန္ဥကၠာကေျပာသည္။
ယေန႔ (ေမ ၂၉) ဆက္လက္ျပဳလုပ္ေနသည့္ ဒုတိယအႀကိမ္ ၂၁ ပင္လံုအစည္းအေ၀း အစတြင္ အစိုးရဘက္က ထုတ္ျပန္စာကို ဗိုလ္မွဴးႀကီးခြန္ဥကၠာက ဖတ္ၾကားခဲ့ရာတြင္ ပါ၀င္ခဲ့ျခင္းျဖစ္သည္။
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ အသံုးျပဳႏိုင္ရန္ ျပည္တြင္းအလွဴရွင္မ်ား ထည့္၀င္လွဴဒါန္းေရးအတြက္ ျမန္မာ့စီးပြားေရးဘဏ္ (ေနျပည္ေတာ္ဘဏ္ခြဲ) တြင္ ဇန္န၀ါရီ ၉ ရက္ေန႕မွ စတင္ေငြစရင္းဖြင့္လွစ္လက္ခံခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။ ေမလ ၁၉ ရက္ေန႔အထိ ထည့္၀င္လွဴဒါန္းေငြ စုစုေပါင္းမွာ က်ပ္ (၁၅.၄၅) ဘီလီယံေက်ာ္ျဖစ္သည္ဟု ဗိုလ္မွဴးႀကီးခြန္ဥကၠာက ေျပာဆိုသည္။
လွဴဒါန္းၾကသည့္ အလွဴရွင္ဦးေရ (၁၅၀) ေက်ာ္ရွိၿပီး ျပည္သူတစ္ဦးခ်င္း အနည္းဆံုး ၃၀၀၀၀ က်ပ္မွ အမ်ားဆံုး လွဴဒါန္းေငြပမာဏမွာ က်ပ္ ၃ ဘီလီယံ ျဖစ္ေၾကာင္း အစိုးရထုတ္ျပန္ခ်က္အရ သိရသည္။
Unicode -
မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ပြည်တွင်းအလှူရှင်များ မှ ၅ လအတွင်း ငွေကျပ် ၁၅ ဘီလီယံကျော်လှူဒါန်းထားကြောင်း ပအိုင်းလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။
ယနေ့ (မေ ၂၉) ဆက်လက်ပြုလုပ်နေသည့် ဒုတိယအကြိမ် ၂၁ ပင်လုံအစည်းအဝေး အစတွင် အစိုးရဘက်က ထုတ်ပြန်စာကို ဗိုလ်မှူးကြီးခွန်ဥက္ကာက ဖတ်ကြားခဲ့ရာတွင် ပါ၀င်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ပြည်တွင်းအလှူရှင်များ ထည့်ဝင်လှူဒါန်းရေးအတွက် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်ဘဏ်ခွဲ) တွင် ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ငွေစရင်းဖွင့်လှစ်လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မေလ ၁၉ ရက်နေ့အထိ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းမှာ ကျပ် (၁၅.၄၅) ဘီလီယံကျော်ဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုသည်။
လှူဒါန်းကြသည့် အလှူရှင်ဦးရေ (၁၅၀) ကျော်ရှိပြီး ပြည်သူတစ်ဦးချင်း အနည်းဆုံး ၃၀၀၀၀ ကျပ်မှ အများဆုံး လှူဒါန်းငွေပမာဏမှာ ကျပ် ၃ ဘီလီယံ ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။