ZawGyi
အျပည္ျပည္ဆိုင္ရာအိမ္အကူအလုပ္သမားမ်ားေန႔ (အႀကိဳ) ကို ဂုဏ္ျပဳေသာအားျဖင့္ ျမန္မာႏိုင္ငံမွ အိမ္အကူအလုပ္သမားမ်ားျပည္ပသို႔ေရႊေျပာင္းသြားလာ လုပ္ကိုင္ျခင္းအေပၚ တားျမစ္ပိတ္ပင္ထားမႈအား ရုပ္သိမ္းသင့္ပါသလား ေခါင္းစဥ္ျဖင့္ Debate ေဆြးေႏြးပြဲတစ္ခုကို ဇြန္လ၁၅ရက္ေန႕က ေတာ္၀င္ႏွင္းဆီခန္းမ တြင္ ျပဳလုပ္ခဲ့ပါသည္။ စကၤာပူႏိုင္ငံကို တရား၀င္အိမ္အကူအလုပ္သမားမ်ားသြားေရာက္မႈကို ပိတ္ပင္ထားသည့္ အတြက္ တရားမ၀င္လမ္းေတြက သြားၿပီး အလုပ္လုပ္ေနသည့္ အလုပ္သမားေတြဟာ ဥပေဒရဲ႕ ကာကြယ္ေပးမႈကို မခံစားရဘူးဟု Future Light Center မွတာ၀န္ခံ ေဒၚထက္ထက္ေအာင္က ေျပာႀကားခဲ့သည္။
ျမန္မာႏိုင္ငံမွ အိမ္အကူအလုပ္သမားမ်ားသည္ အျခားအလုပ္သမားမ်ားႏွင့္္ တန္းတူျဖစ္ေၾကာင္းကို အစိုးရမွ အသိအမွတ္ျပဳလာေစဖို႔ႏွင့္ အိမ္အကူလုပ္ငန္းအား အလုပ္အကိုင္တစ္ခုအျဖစ္ တန္ဖိုးထားေစဖို႕ရည္ရြယ္ၿပီး ဒီေဆြးေႏြးပြဲကိုျပဳလုပ္ရျခင္းျဖစ္သည္ဟု လက္ကမ္းစာေစာင္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံမွာ တစ္ေန႔လွ်င္ အနည္းဆုံုး ျပည္ပထြက္ၿပီးအလုပ္လုပ္ေနတဲ့သူဦးေရအေယာက္ ၃၀မွ ၄၀ အထိေတြ႕ျမင္ေနရသည္ဟု ဆိုသည္။ ျမန္မာႏိုင္ငံသည္၂၀၁၄ခုႏွစ္ကစတင္ၿပီး စကၤာပူႏိုင္ငံသို႔ အိမ္အကူအလုပ္သမားသြားေရာက္ခ်င္းကို တားျမစ္ခဲ့ပါသည္။
Unicode
အပြည်ပြည်ဆိုင်ရာအိမ်အကူအလုပ်သမားများနေ့ (အကြို) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားများပြည်ပသို့ရွှေပြောင်းသွားလာ လုပ်ကိုင်ခြင်းအပေါ် တားမြစ်ပိတ်ပင်ထားမှုအား ရုပ်သိမ်းသင့်ပါသလား ခေါင်းစဉ်ဖြင့် Debate ဆွေးနွေးပွဲတစ်ခုကို ဇွန်လ၁၅ရက်နေ့က တော်ဝင်နှင်းဆီခန်းမ တွင် ပြုလုပ်ခဲ့ပါသည်။ စင်္ကာပူနိုင်ငံကို တရားဝင်အိမ်အကူအလုပ်သမားများသွားရောက်မှုကို ပိတ်ပင်ထားသည့် အတွက် တရားမဝင်လမ်းတွေက သွားပြီး အလုပ်လုပ်နေသည့် အလုပ်သမားတွေဟာ ဥပဒေရဲ့ ကာကွယ်ပေးမှုကို မခံစားရဘူးဟု Future Light Center မှတာဝန်ခံ ဒေါ်ထက်ထက်အောင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားများသည် အခြားအလုပ်သမားများနှင့်် တန်းတူဖြစ်ကြောင်းကို အစိုးရမှ အသိအမှတ်ပြုလာစေဖို့နှင့် အိမ်အကူလုပ်ငန်းအား အလုပ်အကိုင်တစ်ခုအဖြစ် တန်ဖိုးထားစေဖို့ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှာ တစ်နေ့လျှင် အနည်းဆုုံး ပြည်ပထွက်ပြီးအလုပ်လုပ်နေတဲ့သူဦးရေအယောက် ၃၀မှ ၄၀ အထိတွေ့မြင်နေရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည်၂၀၁၄ခုနှစ်ကစတင်ပြီး စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမားသွားရောက်ချင်းကို တားမြစ်ခဲ့ပါသည်။