Skip to playerSkip to main content
  • 9 years ago
Zawgyi

“ ေဖ့စ္ဘုတ္ေပၚမွာတက္လာတဲ့ ႐ုပ္သံဖိုင္နဲ႔ စာအရဆိုရင္ ဒီတူမေလးဟာ သမ႐ုိးက်ေသဆံုးျခင္း မဟုတ္ဘူး။ ဒါ သမ႐ုိးက်ေသဆံုးျခင္းမဟုတ္တဲ့ အျပင္ ဒီကေလးမေလးအေနနဲ႔ ဘယ္ေရာဂါမွ မရွိဘူး။ တီဘီေရာဂါလည္း မရွိဘူး။ စိတ္ေရာဂါလည္း မရွိဘူး။ စိတ္ထားလည္း ႏူးညံ့ပါတယ္။ သူကို မခ်စ္မခင္ မႏွစ္သက္တဲ့သူမရွိဘူး”ဟု ေသဆံုးသူမဇင္မာဦး၏ ဦးေလးေတာ္စပ္သူ ဦးသာထြန္းေအာင္က မဇၥ်ိမသို႔ ေျပာသည္။
စင္ကာပူႏုိင္ငံတြင္ အလုပ္လုပ္ေနသည့္ ျမန္မာအိမ္အကူမိန္းကေလးတစ္ေယာက္ အထပ္ျမင့္ကြန္ဒိုတိုက္ခန္း ၁၈ ထပ္မွ ခုန္ခ်ကာ မိမိကိုယ္ကုိ အဆံုးစီရင္သည့္ ျဖစ္စဥ္တစ္ခု ဇြန္လ ၁၂ ရက္ေန႔၊ ညေနပိုင္းအခ်ိန္က ျဖစ္ ပြားခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဦးေလးေတာ္စပ္သူကေျပာဆိုခဲ႔ျခင္းျဖစ္သည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မနက္ျဖန္ (ဇြန္ ၁၅ ) တြင္ ခ်င္းလူမ်ိဳး ခရစ္ယာန္ဆရာ ဦးနမ္းေတ မွ ဦးေဆာင္ ၿပီး စင္ကာပူႏိုင္ငံသို႔ ေသဆံုးသူ မဇင္မာဦး၏ ရုပ္အေလာင္းကို ဖခင္ျဖစ္သူႏွင့္ ဦးေလးေတာ္စပ္သူတို႔က သၿဂိဳလ္ရန္သြားေရာက္ ၾကမည္ျဖစ္သည္။
ရိုက္ကူး/ သတင္း/ တည္းျဖတ္ - စိုးသူေအာင္၊ ရဲႏိုင္(ေလာက္ကိုင္)
သတင္းအျပည့္အစံု-http://www.mizzimaburmese.com/article/28191

Unicode

“ ဖေ့စ်ဘုတ်ပေါ်မှာတက်လာတဲ့ ရုပ်သံဖိုင်နဲ့ စာအရဆိုရင် ဒီတူမလေးဟာ သမရိုးကျသေဆုံးခြင်း မဟုတ်ဘူး။ ဒါ သမရိုးကျသေဆုံးခြင်းမဟုတ်တဲ့ အပြင် ဒီကလေးမလေးအနေနဲ့ ဘယ်ရောဂါမှ မရှိဘူး။ တီဘီရောဂါလည်း မရှိဘူး။ စိတ်ရောဂါလည်း မရှိဘူး။ စိတ်ထားလည်း နူးညံ့ပါတယ်။ သူကို မချစ်မခင် မနှစ်သက်တဲ့သူမရှိဘူး”ဟု သေဆုံးသူမဇင်မာဦး၏ ဦးလေးတော်စပ်သူ ဦးသာထွန်းအောင်က မဇ္စျိမသို့ ပြောသည်။
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအိမ်အကူမိန်းကလေးတစ်ယောက် အထပ်မြင့်ကွန်ဒိုတိုက်ခန်း ၁၈ ထပ်မှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၁၂ ရက်နေ့၊ ညနေပိုင်းအချိန်က ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးလေးတော်စပ်သူကပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် (ဇွန် ၁၅ ) တွင် ချင်းလူမျိုး ခရစ်ယာန်ဆရာ ဦးနမ်းတေ မှ ဦးဆောင် ပြီး စင်ကာပူနိုင်ငံသို့ သေဆုံးသူ မဇင်မာဦး၏ ရုပ်အလောင်းကို ဖခင်ဖြစ်သူနှင့် ဦးလေးတော်စပ်သူတို့က သဂြိုလ်ရန်သွားရောက် ကြမည်ဖြစ်သည်။
ရိုက်ကူး/ သတင်း/ တည်းဖြတ် - စိုးသူအောင်၊ ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/28191

Category

🗞
News

Recommended