Skip to playerSkip to main content
  • 9 years ago
ZawGyi-

အခုအချိန်ကာလဟာ မိုးကြိုးပစ်မှုတွေဖြစ်စေနိုင်တဲ့ မိုးတိမ်တောင်ကာလတွေမှာ ပါဝင်နေပါတယ်။
လို့ အကြံပြုထားပါတယ်။

Unicode -
အခုအချိန်ကာလဟာ မိုးကြိုးပစ်မှုတွေဖြစ်စေနိ်ုင်တဲ့ မိုးတိမ်တောင်ကာလတွေမှာ ပါဝင်နေပါတယ်။
မုန်တိုင်းကြောင့် မိုးတိမ်တောင်တွေဖြစ်ပေါ်လာနိုင်ပြီး မိုးကြိုးပစ်ခံရနိုင်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိုးကြိုးပစ်ခံရတာကနေ ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ဒေါက်တာထွန်းလွင်က အကြံပြုထားပါတယ်။
မိုးလေဝသသတင်းတွေကို ဂရုစိုက်နားထောင်ပြီး မိုးကြိုးပစ်ခံရတာရဲ့ အကောင်းဆုံး ကာကွယ်တဲ့နည်းလမ်းကတော့ မိုးတိမ်တောင်တွေကနေ ဝေးနိုင်သမျှဝေးသောနေရာမှာနေပါ။
လဟာပြင်၊ ကွင်းပြင်နဲ့ မြင့်မားတဲ့ နေရာနားမှာ နေထိုင်တာကို ရှောင်ကြဉ်ပါ။
လျှပ်စစ်စီးကူးနိုင်သော လျှပ်ကူးပစ္စည်းများမှ ဝေးရာမှာ နေပါ။
ကားတစ်စီးအတွင်း နေထိုင်ခြင်းနဲ့ အကာအကွယ်ယူပါ။
လို့ အကြံပြုထားပါတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာ ဟာ မနက်ဖြန် မေ ၃၀ ရက်နေ့မှာ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းကမ်းလွန်ဒေသမှာ လေတိုက်နှုန်း အများဆုံး တစ်နာရီကို မိုင်၄၀ကနေ ၅၀ အထိတိုက်ခတ်နိုင်ပါတယ်။ ဒါ့အပြင် ကမ်းလွန်ပင်လယ်ပြင်မှာ ရေလှိုင်း အမြင့်ဟာ ၁၀ ပေကနေ ၁၂ ပေအထိ ရှိနိုင်တယ်လို့ ဒေါက်တာဦးထွန်းလွင် ယနေ့ မေ၂၉ရက် မနက် ၉နာရီအချိန် ခန့်မှန်းချက်အရ သိရပါတယ်။

Category

🗞
News

Recommended