Skip to playerSkip to main content
  • 9 years ago
ZawGyi-
မိဘမ်ားအေနျဖင့္ အသက္ေသဆံုးသည္အထိ ျဖစ္ႏိုင္ေသာ ေသြးလြန္တုပ္ေကြးေရာဂါ၏ အႏၲရာယ္ရွိလကၡဏာမ်ားကို သိရွိရန္ လိုအပ္ၿပီး ျဖစ္ပြားပါက ကေလးကို အခ်ိန္မီေဆး႐ုံသို႔ ပို႔ေဆာင္ကုသရန္ လိုအပ္ေၾကာင္း ရန္ကင္းကေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာေဒၚျမင့္ျမင့္ခိုင္က ေျပာသည္။

"ေသြးလြန္တုပ္ေကြးျဖစ္မယ္ဆုိရင္ ဖ်ားမယ္ေပါ့။ အဓိကကေတာ႔ အဖ်ားႀကီးမယ္ေပါ့ ။ သံုးရက္က ငါးရက္အတြင္းဆိုရင္ အဖ်ားႀကီးလာၿပီးေတာ႔ ေသြးလန္႔တဲ႔လကၡဏာေတြ ျဖစ္ပြားတတ္တယ္ေပါ့ေနာ္ ။ အဲ႔အခါၾက ဒီ လကၡဏာ အေနနဲ႔ဖ်ားမယ္။ ေကာ္ဖီေရာင္ေတြအန္မယ္ ခႏၶာကိုယ္မွာ အနီစက္ေတြ၊ အပိန္႔ေတြထြက္လာမယ္။ ေနာက္ ႏွာေခါင္းေသြးေတြ လွ်ံမယ္။ ဝမ္းမည္းမည္းေတြ သြားမယ္။ ေနာက္ေတာ႔ ေသြးယိုစီးတဲ႔ လကၡဏာေတြ ျဖစ္ေပၚလာႏိုင္တယ္ ။ ဆိုခဲ႔လို႔ရွိရင္ေတာ႔ ေဆး႐ုံကို အခ်ိန္မီ၊ အခါမီျပဖို႔ လိုမယ္"ဟု ရန္ကင္းကေလးေဆး႐ုံ၏ ေဆး႐ုံအုပ္ ေဒါက္တာျမင့္ျမင့္ခိုင္က ေျပာသည္။

ယခုလက္ရွိတြင္ ရန္ကင္းကေလးေဆး႐ုံ၌ ေသြးလြန္တုပ္ေကြးလူနာ ၂၅ေယာက္နီးပါးရွိေနၿပီး ဇန္နဝါရီလမွ ဧၿပီလထိ ၄လအတြင္း ေသြးလြန္တုပ္ေကြးလူနာ ၂ဦးေသဆုံးခဲ့ရေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြး၏ လကၡဏာမ်ားမွာ အဖ်ားႀကီးလာႏိုင္ၿပီး စျဖစ္တဲ႔ေန႔မွ ၃ရက္၊ ၅ရက္အထိ ေသြးလန္႔၊ေသြးလြန္သည္႔ လကၡဏာမ်ား ျဖစ္လာႏုိင္သည္။ထို႔ျပင္ ၃ရက္၊ ၅ရက္ၾကားတြင္ အဖ်ားက်သြားႏိုင္ေသာ္လည္း မွိန္းေနေသာလကၡဏာရွိေနပါက အႏၲရာယ္ရွိႏိုင္ၿပီး ေဆး႐ုံသို႔ အျမန္ဆံုးပို႔ေဆာင္သင့္ေၾကာင္း ေဒါက္တာ ျမင့္ျမင့္ခိုင္က ဆိုသည္။

ရန္ကင္းကေလးေဆး႐ုံတြင္ ေသြးလြန္တုပ္ေကြးလူနာမ်ား ေန႔စဥ္ တိုးလာၿပီး တစ္ေန႔လွ်င္ အမ်ားဆုံး လူနာ ၁၀ ေယာက္အထိ လာေရာက္ျခင္းရိွခဲ့ေၾကာင္း သိရသည္။

Unicode-
မိဘများအနေဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သော သွေးလွန်တုပ်ကွေးရောဂါ၏ အန္တရာယ်ရှိလက္ခဏာများကို သိရှိရန် လိုအပ်ပြီး ဖြစ်ပွားပါက ကလေးကို အချိန်မီဆေးရုံသို့ ပို့ဆောင်ကုသရန် လိုအပ်ကြောင်း ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

"သွေးလွန်တုပ်ကွေးဖြစ်မယ်ဆိုရင် ဖျားမယ်ပေါ့။ အဓိကကတော့ အဖျားကြီးမယ်ပေါ့ ။ သုံးရက်က ငါးရက်အတွင်းဆိုရင် အဖျားကြီးလာပြီးတော့ သွေးလန့်တဲ့လက္ခဏာတွေ ဖြစ်ပွားတတ်တယ်ပေါ့နော် ။ အဲ့အခါကြ ဒီ လက္ခဏာ အနေနဲ့ဖျားမယ်။ ကော်ဖီရောင်တွေအန်မယ် ခန္ဓာကိုယ်မှာ အနီစက်တွေ၊ အပိန့်တွေထွက်လာမယ်။ နောက် နှာခေါင်းသွေးတွေ လျှံမယ်။ ဝမ်းမည်းမည်းတွေ သွားမယ်။ နောက်တော့ သွေးယိုစီးတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တယ် ။ ဆိုခဲ့လို့ရှိရင်တော့ ဆေးရုံကို အချိန်မီ၊ အခါမီပြဖို့ လိုမယ်"ဟု ရန်ကင်းကလေးဆေးရုံ၏ ဆေးရုံအုပ် ဒေါက်တာမြင့်မြင့်ခိုင်က ပြောသည်။

ယခုလက်ရှိတွင် ရန်ကင်းကလေးဆေးရုံ၌ သွေးလွန်တုပ်ကွေးလူနာ ၂၅ယောက်နီးပါးရှိနေပြီး ဇန်နဝါရီလမှ ဧပြီလထိ ၄လအတွင်း သွေးလွန်တုပ်ကွေးလူနာ ၂ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး၏ လက္ခဏာများမှာ အဖျားကြီးလာနိုင်ပြီး စဖြစ်တဲ့နေ့မှ ၃ရက်၊ ၅ရက်အထိ သွေးလန့်၊သွေးလွန်သည့် လက္ခဏာများ ဖြစ်လာနိုင်သည်။ထို့ပြင် ၃ရက်၊ ၅ရက်ကြားတွင် အဖျားကျသွားနိုင်သော်လည်း မှိန်းနေသောလက္ခဏာရှိနေပါက အန္တရာယ်ရှိနိုင်ပြီး ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်သင့်ကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်က ဆိုသည်။

ရန်ကင်းကလေးဆေးရုံတွင် သွေးလွန်တုပ်ကွေးလူနာများ နေ့စဉ် တိုးလာပြီး တစ်နေ့လျှင် အများဆုံး လူနာ ၁၀ ယောက်အထိ လာရောက်ခြင်းရှိခဲ့ကြောင်း သိရသည်။

Category

🗞
News

Recommended