• 9 years ago
ZawGyi-
ၾကားျဖတ္ေ႐ြးေကာက္ပြဲက်င္းပရန္ တစ္ပတ္သာလိုေတာ့ေသာ္လည္း မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲအေပၚသိရိွမႈ အားနည္းေနေသးေၾကာင္း Generation Tree Founder မလွလွဝင္းက ေျပာသည္။

Generation Tree အဖြဲ႕သည္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ အသိပညာေပးေဆာင္႐ြက္သည့္အေနျဖင့္ မတ္လ ၂၃ ရက္ေန႔က ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ၾကည္စုေက်း႐ြာတြင္ လက္ကမ္းစာေစာင္ တစ္ေထာင္ေက်ာ္ ျဖန္႔ေဝခဲ့သည္။

“၂ လပိုင္းတုန္းကေတာ့ မသိတဲ့လူေတြ အမ်ားႀကီးရိွခဲ့တယ္။ အခုခ်ိန္အထိလည္း မဲစာရင္း ၾကည့္ဖို႔ အမ်ားႀကီး တိုက္တြန္းေနရတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ တစ္ေယာက္စ ၊ ႏွစ္ေယာက္စေလာက္ပဲ လာၾကည့္လို႔ အမ်ားႀကီးတိုက္တြန္းေနရတယ္” ဟု Generation Tree Founder မလွလွဝင္းက ေျပာသည္။

ယခုလို ပညာေပးလုပ္ငန္းမ်ားေဆာင္႐ြက္ေနေသာ္လည္း ျပည္သူအခ်ိဳ႕က စိတ္ဝင္စားမႈေလ်ာ႔က်ေနဆဲ ျဖစ္သည္။

“လူေတြစိတ္၀င္စားမႈ နည္းေနတာဟာ အမ်ိုးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို မဲေပးထားေပမဲ႔လည္း အလုပ္မလုပ္ဘူးလို႔ တြက္ၾကပါလိမ္႔မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္ထဲေရးနဲ႔ ကာကြယ္ေရးကို သူတို႔မပိုင္တဲ့အတြက္ ေစာင္႔ဆိုင္းအလုပ္လုပ္ေနရတာေၾကာင္႔ ေ႐ြးေကာက္ပြဲကို စိတ္၀င္စားမႈေလ်ာ႔ က်ႏိုင္တာျဖစ္တယ္” ဟု ၾကည္စု အေရွ႕ေက်း႐ြာမွ ဦးတင္ဦးကေျပာသည္။

ယခုလာမည့္ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ဧၿပီလ ၁ ရက္ေန႔တြင္ စတင္က်င္းပမည္ျဖစ္ၿပီး လစ္လပ္ေနသည့္ မဲဆႏၵနယ္၂၂ ၿမိဳ႕နယ္ ရွိသည္။


Unicode -
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်သာလိုတော့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ်သိရှိမှု အားနည်းနေသေးကြောင်း Generation Tree Founder မလှလှဝင်းက ပြောသည်။

Generation Tree အဖွဲ့သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အသိပညာပေးဆောင်ရွက်သည့်အနေဖြင့် မတ်လ ၂၃ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကြည်စုကျေးရွာတွင် လက်ကမ်းစာစောင် တစ်ထောင်ကျော် ဖြန့်ဝေခဲ့သည်။

“၂ လပိုင်းတုန်းကတော့ မသိတဲ့လူတွေ အများကြီးရှိခဲ့တယ်။ အခုချိန်အထိလည်း မဲစာရင်း ကြည့်ဖို့ အများကြီး တိုက်တွန်းနေရတယ်။ တစ်ချို့နေရာတွေမှာ တစ်ယောက်စ ၊ နှစ်ယောက်စလောက်ပဲ လာကြည့်လို့ အများကြီးတိုက်တွန်းနေရတယ်” ဟု Generation Tree Founder မလှလှဝင်းက ပြောသည်။

ယခုလို ပညာပေးလုပ်ငန်းများဆောင်ရွက်နေသော်လည်း ပြည်သူအချို့က စိတ်ဝင်စားမှုလျော့ကျနေဆဲ ဖြစ်သည်။

“လူတွေစိတ်ဝင်စားမှု နည်းနေတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးထားပေမဲ့လည်း အလုပ်မလုပ်ဘူးလို့ တွက်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးကို သူတို့မပိုင်တဲ့အတွက် စောင့်ဆိုင်းအလုပ်လုပ်နေရတာကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုလျော့ ကျနိုင်တာဖြစ်တယ်” ဟု ကြည်စု အရှေ့ကျေးရွာမှ ဦးတင်ဦးကပြောသည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေသည့် မဲဆန္ဒနယ်၂၂ မြို့နယ် ရှိသည်။

Category

🗞
News

Recommended