ZawGyi-
မတ္လ ၂၁ ရက္ေန႔တြင္ က်ေရာက္ေသာ ကမာၻ႔ကဗ်ာေန႔အထိမ္းအမွတ္ ကဗ်ာႏွင့္ စာတမ္းဖတ္ပြဲကို ကမာရြတ္ၿမိဳ႕နယ္ရွိ ယုဒႆန္ခန္းမတြင္ က်င္းပခဲ့သည္။
ကမာၻ႔ကဗ်ာေန႔ အထိမ္းအမွတ္အေနျဖင့္ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ က်င္းပလာခဲ့သည္မွာ (၇) ႏွစ္ရွိၿပီျဖစ္သည္။
ကဗ်ာဆရာတစ္ေယာက္၏ ဘဝအေျခအေနကို ကဗ်ာဆရာ သစၥာနီက "အရင္တုန္းကဆိုရင္ေတာ့ အခက္အခဲအမ်ိဳးမ်ိဳးေပါ့။ စာေပစိစစ္ေရးလည္းရွိတယ္ဆိုေတာ့ မဂၢဇင္းထဲမွာ ကဗ်ာတစ္ပုဒ္ပါဖို႔ ေတာ္ေတာ္ခက္တယ္။ ေနာက္ေတာ့ ကဗ်ာဆရာတစ္ေယာက္ရဲ႕ ဘဝရပ္တည္ေရးေပါ့ေနာ္။ ကဗ်ာတစ္ပုဒ္က ရလို႔ရွိရင္လည္း ၃ေထာင္၊ ၄ေထာင္၊ ၅ေထာင္၊ အခုအျမင့္ဆုံးေပးတဲ့ တစ္ေသာင္း ေပါ့ေနာ္။ အဲဒီေတာ့ ကဗ်ာေရးတာတစ္ခုတည္းနဲ႔ ဘဝရပ္တည္လို႔ မရဘူး။ ကဗ်ာဆရာေတြ အားလုံးလိုလိုပဲ သီးျခား သက္ဆိုင္ရာ၊ သက္ဆိုင္ရာ တစ္ခ်ိဳ႕က ဆရာဝန္ တစ္ခ်ဳိ႕က စစ္ဗိုလ္ တခ်ိဳ႕က ေက်ာင္းဆရာေပါ့ေလ။ ကိုယ့္အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းေလးေတြ ရွိၾကပါတယ္။ အဲလိုေရးၿပီးေတာ့ ဘဝကို ရပ္တည္ေနၾကတာ။ ကဗ်ာတစ္ခုတည္းေရးၿပီးေတာ႔ ရပ္တည္လို႔က မလြယ္ဘူး" ဟုဆိုသည္။
လူငယ္မ်ားအေနျဖင့္ ကဗ်ာေရးၾကရာတြင္ အေပ်ာ္တမ္းမေရးၾကဘဲ တစိုက္မတ္မတ္ေရးၾကရန္ႏွင့္ ကဗ်ာလမ္းဆိုသည္မွာ မာရသြန္ေလွ်ာက္လမ္းရွည္ႀကီးျဖစ္ေၾကာင္း ကဗ်ာဆရာသစၥာနီက အသိေပး တိုက္တြန္းထားသည္။
အခမ္းအနားတြင္ ကဗ်ာစာအုပ္ေပါင္း ၂၅၀ ေက်ာ္ကို ျမန္မာႏိုင္ငံကဗ်ာဆရာသမဂၢအဖြဲ႔ အပါဝင္ စုစုေပါင္း ကဗ်ာဆရာ သံုးဆယ္ေက်ာ္က စိစစ္ေရြးခ်ယ္ၿပီး အေကာင္းဆံုး ကဗ်ာစာအုပ္ႏွစ္အုပ္ကိုလည္း ဆုေပးခဲ့ၾကသည္။
Unicode-
မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာနှင့် စာတမ်းဖတ်ပွဲကို ကမာရွတ်မြို့နယ်ရှိ ယုဒဿန်ခန်းမတွင် ကျင်းပခဲ့သည်။
ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပလာခဲ့သည်မှာ (၇) နှစ်ရှိပြီဖြစ်သည်။
ကဗျာဆရာတစ်ယောက်၏ ဘဝအခြေအနေကို ကဗျာဆရာ သစ္စာနီက "အရင်တုန်းကဆိုရင်တော့ အခက်အခဲအမျိုးမျိုးပေါ့။ စာပေစိစစ်ရေးလည်းရှိတယ်ဆိုတော့ မဂ္ဂဇင်းထဲမှာ ကဗျာတစ်ပုဒ်ပါဖို့ တော်တော်ခက်တယ်။ နောက်တော့ ကဗျာဆရာတစ်ယောက်ရဲ့ ဘဝရပ်တည်ရေးပေါ့နော်။ ကဗျာတစ်ပုဒ်က ရလို့ရှိရင်လည်း ၃ထောင်၊ ၄ထောင်၊ ၅ထောင်၊ အခုအမြင့်ဆုံးပေးတဲ့ တစ်သောင်း ပေါ့နော်။ အဲဒီတော့ ကဗျာရေးတာတစ်ခုတည်းနဲ့ ဘဝရပ်တည်လို့ မရဘူး။ ကဗျာဆရာတွေ အားလုံးလိုလိုပဲ သီးခြား သက်ဆိုင်ရာ၊ သက်ဆိုင်ရာ တစ်ချို့က ဆရာဝန် တစ်ချို့က စစ်ဗိုလ် တချို့က ကျောင်းဆရာပေါ့လေ။ ကိုယ့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းလေးတွေ ရှိကြပါတယ်။ အဲလိုရေးပြီးတော့ ဘဝကို ရပ်တည်နေကြတာ။ ကဗျာတစ်ခုတည်းရေးပြီးတော့ ရပ်တည်လို့က မလွယ်ဘူး" ဟုဆိုသည်။
လူငယ်များအနေဖြင့် ကဗျာရေးကြရာတွင် အပျော်တမ်းမရေးကြဘဲ တစိုက်မတ်မတ်ရေးကြရန်နှင့် ကဗျာလမ်းဆိုသည်မှာ မာရသွန်လျှောက်လမ်းရှည်ကြီးဖြစ်ကြောင်း ကဗျာဆရာသစ္စာနီက အသိပေး တိုက်တွန်းထားသည်။
အခမ်းအနားတွင် ကဗျာစာအုပ်ပေါင်း ၂၅၀ ကျော်ကို မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂအဖွဲ့ အပါဝင် စုစုပေါင်း ကဗျာဆရာ သုံးဆယ်ကျော်က စိစစ်ရွေးချယ်ပြီး အကောင်းဆုံး ကဗျာစာအုပ်နှစ်အုပ်ကိုလည်း ဆုပေးခဲ့ကြသည်။