• 9 years ago
NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းကျင်းပတဲ့ တတိယ အကြိမ်ပန်ခမ်းအစည်းအဝေးကနေ မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ အချက် (၉)ချက်ပါဝင်ပြီး အဓိကအားဖြင့် လက်ရှိငြိမ်းချမ်းရေးဖေါ်ဆောင်နေတဲ့ NCA စာချုပ်နဲ့ မူဘောင်တွေကို လက်မခံကြောင်း ဖော်ပြထားပါတယ်။ နိုင်ငံရေးဆွေးနွေးမှုတွေကို “ဝ” လက်နက်ကိုင်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်သွားဖို့လည်း ပန်ခမ်းအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြပါတယ်။ ပန်ခမ်းထုတ်ပြန်ချက်မှာ “ဝ” ပြည်နယ်လို့ သုံးနှုန်းထားပြီး တက်ရောက်လာတဲ့ အဖွဲ့အားလုံးက နိုင်ငံရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီး “ဝ” ပြည်နယ်၏ အထွေထွေမူဝါဒနှင့် အသေးစိပ်တောင်းဆိုချက်များ စာတမ်းပါ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘုံသဘောထားအဖြစ်မှတ်ယူကြသည် လို့ ဖေါ်ပြထားပါတယ်။
ပန်ခမ်းအစည်းအဝေးကိုတက်ရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကြီးကြပ်သူအဖြစ်ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း ဖေါ်ပြထားပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံရဲ့ One Belt One Road ပေါ်လစီဟာ တိုင်းရင်းသားဒေသတွေအတွက် အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်ကြောင်းဖေါ်ပြထားပါတယ်။ One Belt One Road ဆိုတာကတော့ တရုတ်နိုင်ငံက ဦးဆောင်မယ့် ရှေးဟောင်းပိုးလမ်းမကြီးနဲ့ ၂၁ရာစု ရေကြောင်း ပိုးလမ်းမသစ် နှစ်ခုပေါင်းထားတဲ့ ကုန်သွယ်ရေး ရပ်ဝန်းဖြစ်ပါတယ်။
ဒီ ပန်ခမ်း ကြေညာချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေရဲ့ သဘောထားအမြင်တွေကို MIZZIMA TV က စုဆောင်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Category

🗞
News

Recommended