Skip to playerSkip to main content
  • 9 years ago
လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှုပူးတွဲကော်မတီ(CNDJC)က ရန်ကုန်မြို့ Summit Parkview Hotel တွင် သတင်းမီဒီယာများ ဖိတ်ကြား အသိပေးခဲ့သည်။

ဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများနှင့် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင် ဖွဲ့စည်းထားသည့် ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ(CNDJC) က ဦးဆောင်ကျင်းပသွား မည်ဖြစ်သည်။

နိုင်ငံရေးခေါင်းစဉ်အောက်မှာပဲ အခြေခံမူ(၈)ချက်ကို ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးသွားမည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။

"အချုပ်အခြာအာဏာနဲ့ နောက်ထပ် နံပါတ်နှစ်ကတော့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိကြမ္မာ မိမိဖန်တီးခွင့်၊ လူနည်းစု အခွင့်အရေးတွေ အကာအကွယ်ပေးဖို့ပေါ့နော်။ ကျားမတန်းတူရေးနဲ့ ဒီမိုကရေစီမှာ အခြေခံမူ ချမှတ်ရမယ့်ကိစ္စ၊ နောက်တစ်ခုက ဘာသာရေးကို အခြေမခံသောနိုင်ငံတော် တည်ဆောက်ဖို့၊ ဒါတွေကို အဓိကထားဆွေးနွေးသွားမယ်" ဟု ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။

ဆွေးနွေးပွဲတွင် ချင်းလူမျိုးများကို အခြေခံပြီး မျိုးနွယ်စုများ အစုံအလင်ပါဝင်နိုင်ရန် ကြိုးစားသွားမည်ဟု CNDJC ညှိနှိုင်းရေးမှူး ဆလိုင်းကျုံးလျန်ထောင်းက ဆိုသည်။ ဆွေးနွေးပွဲကို မူလက ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်မပြုခဲ့သည့်အတွက် ထန်တလန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်ဟု ဆိုသည်။

"ထန်တလန်မြို့ကို ရွေးချယ်တယ်ဆိုတော့ ကျွန်တော်တို့အတွက် ကသိကအောင့်ဖြစ်တယ်။ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထန်တလန်ဆိုတာ ဟားခါးကနေတစ်ဆင့်သွားရတာ ကိုယ်စားလှယ်တွေအတွက် အစုံအလင်နဲ့ အချိန်မီရောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ အထူးသဖြင့် တည်းခိုရေးအပိုင်းတွေမှာ အရမ်းအခက်အခဲ ရှိတယ်။ သူတို့က ဟားခါးမှာ လုပ်ဖို့ ခွင့်မပြုဘူး။ ဘာလို့ခွင့်မပြုသလဲဆိုတာလည်း အကြောင်းပြချက် မပေးဘူး'' ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ချင်းနိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ချင်း အမျိုးသားတပ်ဦးကိုယ်စားလှယ်များ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်များနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၆၀၀ ဝန်းကျင် တက်ရောက်မည်ဖြစ်သည်။ ဆွေးနွေးပွဲရလဒ်များကို ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းသွားမည်ဟု သိရသည်။

Category

🗞
News

Recommended