NLD ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲကြေညာချက်ကို နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို ထုတ်ပြန်လိုက်တဲ့အပေါ်သတင်းသမားတွေက ကြိုဆိုကြပေမယ့် အားမရမှုတွေလည်း ရှိနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲ့ထုတ်ပြန်ချက်အပေါ် သတင်းလောကတွင်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတရုံးထုတ်ပြန်ချက်တွေအရ ပြစ်မှုကျူးလွန်သူ ကြည်လင်းနဲ့ ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်တို့ကို ငွေပေးပြီး ခိုင်းစေခဲ့သူဟာ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဖြစ်ကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မဇ္ဈိမမီဒီယာကနေ သတင်းစာဆရာ သုံးဦးကို အခုလို မေးမြန်းထားပါတယ်။