တပ်မတော်အစိုးရလက်ထက်၊ ကြံ့ခိုင်ရေးအစိုးလက်ထက်၊ NLD အစိုးရလက်ထက်ဆိုပြီး အစိုးရတွေသာ ပြောင်းလာပေမယ့် အစိုးရတိုင်းဟာ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်နှစ်သက်တမ်းနီးပါးရှိလာပြီဖြစ်တဲ့ NLD အစိုးရလက်ထက်မှာလည်း လေးလောင်းပြိုင်လူသတ်မှုအပါအဝင် မြင့်တက်နေတဲ့ ရာဇဝတ်မှုတွေဟာ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေပါတယ်။ တဘက်မှာ တရားရေးမဏ္ဍိုင်ဟာ ပြည်သူအများစုရဲ့ ယုံကြည်မှုနဲ့ ဝေးကွာနေပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးကတော့ မြန်မာနိုင်ငံသား(၁၀)ယောက်မှာ (၇)ယောက်က တရားစီရင်ရေးမဏ္ဍိုင်ကို မယုံဘူးလို့ပြောပါတယ်။