ဒိန်းမတ်နိုင်ငံကနေ မြန်မာကို အကူအညီပေးနေတဲ့ လုပ်ငန်းစဉ်တွေကို ကြည့်ရင် လုပ်သားဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ကိုင်ပေးနေတာဟာ ဒိန်းမတ်အစိုးရရဲ့ မြန်မာနိုင်ငံအတွက် ဦးစားပေးလုပ်ငန်းစဉ်တွေ ဖြစ်တယ်ဆို တာ သိထားစေချင်တယ်လို့ ဒိန်းမတ်အလုပ်အကိုင်ဝန်ကြီး ရော(န) နေးဂတ် လာဆန်က 7mins အစီအစဉ်မှာ ပြောဆို လိုက်ပါတယ်။ ဒိန်းမတ်အလုပ်အကိုင်ဝန်ကြီး မစ္စတာ နေးဂတ် လာဆန်အနေနဲ့ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၇ ရက် နေ့ကနေ ၃၀ ရက်နေ့အထိ လာရောက်ခဲ့တာဖြစ်ပြီး ဒိန်းမတ်ရဲ့ စီမံကိန်းတွေအတွက်နဲ့ မြန်မာလုပ်သားဈေးကွက် ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်အတွက် အခုလို လာရောက်ခဲ့တာဖြစ်ပါတယ်။ ကိုအောင်သူရက ၀န်ကြီး လာဆန်ကို တွေ့ဆုံ မေးမြန်း ထားပါတယ်။