လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းက အေးစက်နေခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ အခုနှစ် ရဲ့ ဇူလိုင်အကုန်- သြဂုတ်လဆန်းလောက်နေစပြီး အနည်းငယ် လှုပ်ရှားမှုရှိလာတယ်လို့ အိမ်ခြံမြေလုပ်ငန်းရပ်ဝန်းက ဆိုပါတယ်။ ရွှေဈေးကွက် အတွင်း ဈေးနှုန်းမြင့်တက်မှုတွေရှိနေသလို နိုင်ငံခြားငွေလဲနှုန်းကလည်း မြင့်မားနေတာကြောင့် ဈေးကွက်အေးစက်နေတဲ့ အိမ်ခြံမြေကို ပြန်လည် စိတ်ဝင်စားလာတာကြောင့် ဖြစ်တယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ တွေက ပြောပါတယ်။ တစ်ခါ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်ဆိုတဲ့ သတင်းကြောင့် ဈေးကွက် အတွင်းလှုပ်ခတ်မှုတစ်ချို့ ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။ သတင်းထောက် မထက်ထက်အောင်က တင်ပြပေးထားပါတယ်။