မတ်လ ၂၅ ရက်နေ့က FMI ကုမ္ပဏီလီမိတက်နဲ့ စတင်ခဲ့တဲ့ ရန်ကုန်စတော့အိတ်ချိန်းဟာ ဒီ သြဂုတ်လထဲမှာဆိုရင် အချိန် ၅ လကို ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးအရင်းအနှီးဈေးကွက်လို့ ခေါ်တဲ့ ရန်ကုန်စတော့အိတ်ချိန်း -YSX မှာ အခုဆိုရင် FMI MTSH နဲ့ မြန်မာနိုင်ငံသားများဘဏ် စတဲ့ ပြိုင်မြင်း ၃ ကောင်ကလည်း သူ့ပရိသတ်နဲ့ သူ ခရီးနှင်နေတုန်းအခြေအနေလည်းဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားများဘဏ် YSX မှာ စာရင်းဝင် ကုမ္ပဏီမဖြစ်ခင် ရှေ့အချိန် ၃ လ ထဲမှာတော့ YSX မှာ နေ့စဉ်အရောင်းအ၀ယ်ဖြစ်တဲ့ ပမာဏဟာ ကျဆင်းလာတယ်လို့ ဈေးကွက်အရောင်းအ၀ယ်လုပ်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။
တစ်ခါ YSX ရဲ့ အကြီးတန်းအမှုဆောင် မန်နေဂျာဖြစ်သူကို မဇ္ဈိမက ဆက်သွယ်မေးမြန်းကြည့်တော့ ပြီးခဲ့တဲ့ ၃ လထဲမှာ YSX ကနေ ပြန်ထွက်ကျတဲ့ သူတွေရှိခဲ့ပြီး တစ်ဘက်မှာလည်း ပြည်သူတွေအနေနဲ့ စတော့ဈေးကွက်ဆိုင်ရာ ဗဟုသုတ သိရှိမှုအားနည်းတာတွေ ၊ နားလည်မှုလွဲတာတွေရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ သတင်းထဲမှာ စီးပွားရေးသတင်းထောက် ကိုအောင်သူရက ပြောပြထားပါတယ်။