အဆိုပါ မျက်စိရောဂါစမ်းသပ်ခြင်းနှင့် အတွင်းတိမ်ခွဲစိတ်ကုသခြင်းကို ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် သီတဂူစက္ခုပါလတို့ပူးပေါင်းပြီး ပဲခူးတိုင်းအနောက်ခြမ်း၊အုတ်ဖိုမြို့နယ် ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ပြုလုပ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ မျက်စိကုသခြင်းဒါနပြုလုပ်ခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။
ယင်းအလှူဒါနကို ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့အထိ ၅ ရက်တိုင် ပြုလုပ်သွားမည်ဖြစ်ကာ ထိုကာလအတွင်း မျက်စိလူနာရှင်ပေါင်း ၄၀၀ ကျော်နှင့် အတွင်းတိမ်ဝေဒနာရှင်ပေါင်း ၂၀၀ ၀န်းကျင်ကို ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မဇ္ဈိမသတင်းထောက် မထက်ထက်အောင်က သတင်းပေးပို့ထားသည်။