မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့၂၀၁၆ ဆူဇူကီးပြိုင်အကြို ပြင်ဆင်မှုအနေနဲ့ စက်တင်ဘာလအတွင်းသွားရောက်မယ့် ဥရောပခရီးမှာ နယ်သာလန်နိုင်ငံကိုပါသွားဖို့ ညှိုနှိုင်းနေပါတယ်။ နယ်သာလန်မှာမြန်မာအသင်းလေ့ကျင့်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ၊ ဥရောပခရီးစဉ်မှာရော ဘယ်နိုင်ငံတွေကို သွားမှာလဲ စတာတွေကို သတင်းထောက် ရွှေဘုတ်က တင်ဆက်ပေးမှာပါ။