၂၀၁၆ဘောလုံးရာသီကို ၂၀၁၆ ဇန်န၀ါရီ ၉ရက်မှာပြန်လည်စတင်မှာဖြစ်ပေမယ့် ရတနာပုံအသင်းကတော့ လေ့ကျင့်မှုအစီအစဉ်တွေကို လက်ရှိအချိန်အထိ လူစုံတက်စုံမလုပ်နိုင်သေးတဲ့ အတွက် အသင်းပရိသတ်တွေဝေဖန်နေကြပါတယ်။ ဒီအတွက် ရတနာပုံအသင်းအခြေအနေနဲ့ပတ်သက်ပြီး နည်းပြနဲ့ကစားသမားတွေရဲ့ဖြေရှင်းချက်ကို သတင်းထောက်ရွှေဘုတ်က သတင်းရယူတင်ဆက်ပေးမှာပါ။