• 9 years ago
မြန်မာနိုင်ငံထဲကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ ၀င်ရောက်လာမလားဆိုတာက ၂၀၁၆ ခုနှစ်အတွက် မျှော်လင့်စရာဖြစ်လာနေပါတယ်။ ဒီအပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာဖြစ်ပေမယ့် အလုပ်နဲ့ သင့်တော်မယ့် လေ့ကျင်သင်ယူမှုတွေကို ပြင်ဆင်ထားရမှာလည်းဖြစ်ပါတယ်။ တစ်ဘက်မှာကလည်း ပြည်တွင်း က အသေးစားစီးပွားရေးလုပ်ငန်းတွေ ဟန်ချက်မပျက်သွားနိုင်အောင်နဲ့ ကုန်ထုတ်လုပ်ငန်းတွေပိုပြီး တိုးတက်ဖို့ လိုအပ်နေ ပါတယ်။ မဇ္ဈိမသတင်းထောက် မရှုမ၀အောင်က ပြောပြထားတာကို ရှုစားရမှာဖြစ်ပါတယ်။

Category

🗞
News

Recommended