• 9 years ago
ဒီကြယ်ပဲက ထွက်တဲ့ အဆီကိုစားသုံးဆီအဖြစ်အသုံးပြုနိုင်သလို အသီးကြိတ်ဖတ်တွေကနေ ကွတ်ကီးမုန်းလုပ်တာ၊ အရွက်ကို အခြောက်ခံပြီးတော့လည်း လက်ဖက်ခြောက်ထုတ်တာနဲ့ ပဲဖတ်တွေကို မြေသြဇာအဖြစ်သုံးလို့လည်းရတယ် ဆိုတော့ ဒီလောက် ဘက်စုံသုံးလို့ရတဲ့ ကြယ်ပဲကို စိုက်ဖို့ စိတ်ဝင်စားနေပြီလို့ ထင်ပါတယ်။ ကဲအခုတော့ ပုံမှန်ရှုစား ရဦးမယ့် 7 Minutes အစီအစဉ်ကို ရူစားရဦးမှာဖြစ်ပါတယ်။ လာမယ့် ၂၀၁၆ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်ဝန်းထဲမှာ လွတ်လပ်စွာ ကုန်စည်စီးဆင်းနိုင်မှုကို အစိုးရက စတင် အကောင်ထည်ဖော်တော့မှာပါ။ အဲဒိလို အာဆီယံစီးပွားရေးအသိုက်ဝန်းဖြစ်လာမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက လုပ်ငန်း ရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အဲကမ္ဘောဇ လေကြောင်း လိုင်းအနေနဲ့ကရော ဘာတွေပြင်ဆင်နေလဲဆိုတာ မဇ္ဈိမသတင်းထောက် ရှုမ၀အောင်က အဲကမ္ဘောဇ အမှုဆောင် ဒါရိုက်တာ ဦးဥက္ကာထွန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို 7 mins အစီစဉ်မှာ ကြည့်ရမှာပါ။

Category

🗞
News

Recommended