"အဓိကနှစ်ချက်ပါပဲ။ တစ်ချက်က ငလျင်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်ဘူးဆိုတဲ့ နံပါတ်တစ် အချက်ရယ်။ နံပါတ်နှစ်အချက်က ငလျင်ငယ်လေးတွေ များများလှုပ်ရင် ငလျင်ကြီးလှုပ်ဖို့အခွင့်အရေး နည်းပါးတယ် ဆိုတဲ့ အချက်ကိုထောက်ရှုပြီးတော့ တချို့ကိစ္စရပ်များဟာ အစိုးရိမ်လွန်လွန်ကဲကဲမရှိဖို့နဲ့ အရာရာဟာ အသိပညာက ဦးဆောင်တယ်ဆိုတဲ့ အချက်ကလေးတွေကို အလေးအနက်ထားပြီးတော့ ငလျင်နဲ့ပက်သက်တဲ့ အသိပညာ ပိုမိုရရှိအောင်နဲ့ တတ်ကျွမ်းနားလည်သူများရဲ့ လမ်းညွှန်ချက်အတိုင်း မိမိတို့ရဲ့ အဆောက်အဦး၊ နေထိုင်မှု စတာတွေကို လူနေမှုစနစ်ကိုပါ ပြုပြင်လိုတယ်"လို့ ဦးထွန်းလွင်က ဆိုပါတယ်။