မြန်မာ့အသိုက်အ၀န်းထဲမှ အမျိုးသမီးများ အစီအစဉ်အနေနဲ့ ၂၀၁၅ ဇန်န၀ါရီ ၄ ရက်ကစလို့ ဒီဇင်ဘာ ၂၀ အထိ အပိုင်းပေါင်း ၅၁ ပိုင်း ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီလိုထုတ်လုပ်ရာမှာ ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတွေ၊ ထူးခြားတဲ့အမျိုးသမီးတွေ၊ စွမ်းရည်ရှိတဲ့အမျိုးသမီးတွေ၊ အတုယူသင့်တဲ့အမျိုးသမီးတွေကို တွေ့ဆုံမေးမြန်းတာတွေ၊ ရုပ်ပုံလွှာအဖြစ် ရိုက်ကူးပြသတာတွေလည်း ပါဝင်ပါတယ်။ အဲ့ဒီထဲကနေ ပရိသတ်စိတ်ဝင်စားမှုအများဆုံး အကြောင်းအရာတွေကို စိစစ်ရွေးချယ်ပြီး ၂၀၁၅ ရဲ့အထူးအစီအစဉ်အဖြစ် ထုတ်နှုတ်တင်ဆက်ပေးလိုက်ပါတယ်.။