ရာဘာ..! သူ့ကို ရွှေဖြူလို့လည်းတင်စားကြပါတယ်။ သူ့ကိုတော့ မြန်မာနိုင်ငံတောင်ဘက်ပိုင်းဒေသတွေမှာ အများဆုံး စိုက် ပျိုးကြတာပါ။ လက်ရှိမြန်မာနိုင်ငံက ထွက်ရှိတဲ့ရာဘာဈေးကွက်က ကမ္ဘာ့ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်း အောက်လောက်မှာပဲ ဈေးရရှိနေတာပါ။ အခုနှစ် ရာသီဥတုကလည်း ပိုမိုပူပြင်းလာဖို့ ရှိနေတာကြောင့် ရာဘာအစေးခြစ်တဲ့ နေရာမှာ အခက်အခဲ တွေဖြစ်နိုင်တယ်လို့ ရာဘာစိုက်တောင်သူတွေက ပြောဆိုနေကြပါတယ်၊ မဇ္ဈိမသတင်းထောက် ကိုအောင်သူရက ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။