ရေကြီး၊ ရေလျှံမှုတွေကြောင့် ပျက်ဆီးဆုံးရှုံးခဲ့တဲ့ငါးကန်တွေမှာ အပြည့်အ၀ကို ငါးပြန်လည်မွေးမြူနိုင်ဖို့က အချိန်ယူရဦးမှာဖြစ်ပါတယ်။ လက်ရှိအသစ်ကနေပြန်စရတာကြောင့် မွေးမြူရေးငါးဈေးကွက်ထဲမှာ ငါးရှားပါးတာတွေဖြစ်ပြီး ဈေးနှုန်းမြင့်တက်တာတွေလည်း ရှိလာနိုင်ပါတယ်၊ မဇ္ဈိမသတင်းထောက် မထက်ထက်အောင်က ဆက်ပြီးပြောပြပေးပါ လိမ့်မယ်။