မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုဟာ အခုဘဏ္ဍာနှစ်ရဲ့ လက်ရှိကာလမှာတော့ မနှစ်ကထက်နဲ့ နှိုင်းယှဉ်ရင် တင်ပို့မှုလျှော့နည်းနေပါတယ်၊ နယ်စပ်ကုန်သွယ်ရေးဘက်မှာတော့ တင်ပို့မှုကောင်းနေပေမယ့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုက လျှော့နည်းနေတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုးတင်ပို့မှုလျှော့နည်းနေတာက ဆန်စပါးစိုက်ပျိုး၊ထုတ်လုပ်၊ တင်ပို့ရောင်းချတဲ့ ဈေးကွက်ကြီးတစ်ခုလုံးမှာ ထိခိုက်သက်ရောက်မှုတွေကတော့ အနည်းနဲ့အများဆိုသလို ရှိလာနိုင်ပါ တယ်၊ မဇ္ဈိမသတင်းထောက် ၀မ်က ဆက်ပြီးတင်ပြပေးပါလိမ့်မယ်။