နိုဝင်ဘာလ ၈ ရက်နေ့ဆိုရင် အားလုံးက စိတ်ဝင်စားနေကြတဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မှာပါ။ ပြုပြင် ပြောင်းလဲမှုလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဘယ်သူကများ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်မလဲ ဆိုတာက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်အစိုးရသစ်တက်လာရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအပြောင်းအလဲကို အကောင်းဘက်မှာရှိနေဖို့ မျှော်လင့်နေချိန်လည်းဖြစ်ပါတယ်။ ဘာတွေကို မျှော်လင့်နေသလဲ ဆိုတာ မဇ္ဈိမစီးပွားရေးအဖွဲ့သားတွေက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စကားသံတွေကို စုစည်းတင်ပြထားပါတယ်။