အမေရိကန်နိုင်ငံက ဂျပန်-အမေရိကန် စီမံခန့်ခွဲမှုသိပ္ပံအင်စတီကျု မှာ မြန်မာအမျိုးသမီးတစ်ဦးက ၂၅ နှစ်တာအတွင်း တခြားနိုင်ငံသားတွေ ထက် ကျော်လွန်ပြီး ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပါတယ်။ ဒီလို အောင်မြင်ခဲ့တဲ့ အတွက်ကြောင့် နာမည်ထွင်းထု မှတ်တမ်းတင်ခံရပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကို လည်း မြင့်ပေးနိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်မှုရခဲ့တဲ့ ဆရာမ ဒေါ်စန်းစန်းလှ ကို မဇ္ဈိမမီဒီယာက တွေ့ဆုံမေးမြန်းထားပါတယ်။