ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲမှာ ဆီဗီလာအသင်းကို ၅-၄ ဂိုးနဲ့အနိုင်ရပြီး စံချိန်တင် ဆုဖလားအရေအတွက်ကို ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယူအီးအက်ဖ်အေစူပါဖလားကို ငါးကြိမ်မြောက်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။