• 9 years ago
ရွှေတိဂုံစေတီတော်အနီးရှိ ဒဂုံစီးတီးစီးမံကိန်းကို အပြီးသတ်ရပ်ဆိုင်းလိုက်တာနဲ့ပတ်သတ်ပြီး တင်ဒါ အောင်ထားတဲ့ကုမ္ပဏီတွေရဲ့နစ်နာမှုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ညှိုနှိုင်းဖြေရှင်းပေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောပါတယ်။
ဒီစီမံကိန်းတည်ဆောက်ဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နဲ့ အမှတ်(၁)မော်တော်ယာဉ်တပ်ရင်း နေရာ ဟောင်းနေရာမှာ ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ဖို့ဆိုပြီး Adventure Myanmar Tours and Incentives ကုမ္ပဏီလီမိ တက်၊ သုခရတနာကုမ္ပဏီလီမိတက်နဲ့ မာဂါလန်းမတ် Development ကုမ္ပဏီလီမိတက်တို့က တင်ဒါအောင်မြင်ခဲ့တာဖြစ် ပါတယ်။ ဒါပေမယ့် ရွှေတိဂုံစေတီတော်အပါအ၀င် သိင်္ဂုတ္တရကုန်းတော်ရှိ စေတီပုထိုးများ၊ သာသနိကအဆောက်အဦးများနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦးများ ထိခိုက်မှုမဖြစ်ပေါ်စေရေး ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်လာတာ ကြောင့် နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ အခုလ ၇ ရက်နေ့က ဒီစံမံကိန်းကို အပြီးသတ်ရပ်ဆိုင်းဖို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ သမ္မတရုံးအနေနဲ့ တင်ဒါအောင်ကုမ္ပဏီတွေရဲ့ နစ်နာမှုကို အစိုးရဘက်က ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်နဲ့ ဆွေးနွေးနေဆဲပဲဖြစ်ပါတယ်။

Category

🗞
News

Recommended