အခုလည်းဒေါ်လာဈေးတက်လို့ ပြည်တွင်းကပန်းချီကားရောင်းချတဲ့လုပ်ငန်းတွေမှာအနည်းနဲ့အများထိခိုက်နေတယ်ဆိုတာကို ကြည့်ရအောင်ပါ၊ ပန်းချီပြခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးမြင့်စိုးကတော့ အခုထက်ထိကိုခေါင်းမဖော်နိုင်သေးဘူးလို့ ပြောပါတယ်၊ ဒါဟာဒေါ်လာဈေးမြင့်တက်လာတာနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြောင့် ပြည်ပကပန်းချီကားစုဆောင်းသူတွေ သိပ်ပြီးတော့ မ၀ယ်ကြတော့ဘူးလို့ သူကပြောပါတယ်။
မြန်မာနိုင်ငံပန်းချီဈေးကွက်ကို ကြည့်မယ်ဆိုရင် ၉၀ရာခိုင်နှုန်းက ပြည်ပ၀ယ်လိုအားကို အားကိုးနေရတာဖြစ်တယ်လို့တော့ ဈေးကွက်ပြောစကားတစ်ချို့ကနေသိရပါတယ်၊ အခုရက်ပိုင်းအတွက် ဖြစ်ပေါ်ခဲ့တဲ့ ဒေါ်လာဈေးဂရက်ကဒီဈေးကွက်ရဲ့ ရောင်းအားအခြေအနေကိုတဖြည်းဖြည်းကျဆင်းလာတာလည်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်၊ အမည်မဖော်လိုသူပန်းချီဆရာတစ်ဦးရဲ့ သုံးသပ်မှုမှာလည်းအခုနှစ်ဖေဖော်ဝါရီလကနေ ပန်းချီအရောင်းကျဆင်းလာတာဟာအရင်နှစ်ကထက်ကို ၇၀ရာခိုင်နှုန်းကျော် ကျဆင်းလျက်ရှိတယ်လို့ ပြောဆိုထားပါတယ်။