အခုရက်ပိုင်းထဲမှာဒေါ်လာဈေးအတက်အကျတွေကမျှော်မှန်းလို့မရအောင် မြန်မြန်ဆန်ဆန်ကိုပြောင်းလဲနေပါတယ်၊ ဒီကိစ္စက ၀ယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာမူတည်တယ်ဆိုတာကပြောပြစရာမလိုလောက်အောင် လူသိများတဲ့အခြေခံအချက်တစ်ခုဖြစ်ပါတယ်၊ လက်ရှိမြန်မာနိုင်ငံရဲ့စီးပွားရေးကလည်းသွင်းကုန်ကများပြီးပို့ကုန်ကနည်းနေတာကြောင့် ဒီဒေါ်လာဈေးအပြောင်းအလဲကြောင့် လုပ်ငန်းရှင်တွေရဲ့ အခြေအနေတစ်ချို့ကိုလည်းနားထောင်ကြည့်ဖို့ လိုပါ တယ်၊ မဇ္ဈိမသတင်းထောက် မထက်ထက်အောင်ကအခုပဲပြောပြပေးသွားမှာဖြစ်ပါတယ်။