ရာဘာထုတ်လုပ်မှုနဲ့ ပက်သက်တဲ့သတင်းတပုဒ်ကို ကြည့်ရအောင်ပါ။ ကမ္ဘာ့ထိပ်တိန်းရော်ဘာထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ စီထရမ် အဂရို-အင်ဒပ်စတီ (Sri trang agro-industy) အများပိုင်ကုမ္ပဏီနဲ့ ရွှေဟင်္သာဂိုးလ်ဒင်းကုမ္ပဏီတို့ ပူးပေါင်းပြီးအဆင့်မြင့် ရော်ဘာစက်ရုံတစ်ရုံရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်း မြန်မာဘက်ကကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်းအောင်ကပြောပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာရှိတဲ့ ရော်ဘာစက်ရုံကိုအဆင့်မြှင့်တင်တည်ဆောက်ပြီးရော်ဘာထုတ်လုပ်ရေးလုပ်ငန်းမှာရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
ဧရာဟင်္သာဂိုးဒင်းကုမ္ပဏီဘက်ကဦးရဲမင်းအောင်ကတော့ စီထရမ် ဟာကမ္ဘာ့အကြီးဆုံးကုမ္ပဏီဖြစ်တဲ့အပြင် ဈေးကွက်လည်းခိုင်ခိုင်မာမာရှိနေတာကြောင့် ရော်ဘာထုတ်ကုန်တွေကိုအဲဒီဈေးကွက်ထဲမှာထုတ်လုပ်တင်ပို့သွားမယ်လို့ ပြောပါတယ်။
ရော်ဘာထုတ်လုပ်မှုအတွက် ပထမအဆင့်အဖြစ် ကန်ဒေါ်လာတစ်သန်းစတင်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီးလာမယ့် နိုဝင်ဘာလမှ စတင်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။