• 9 years ago
မြန်မာနိုင်ငံကသစ်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရောင်းချမှုတွေအတွက် သီးခြားအဖွဲ့အစည်းတခုဖွဲ့စည်းထားဖို့လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းကပြောပါတယ်။ သစ်အခြေခံစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးရေးအတွက် လိုအပ်နေတာဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ ဒီလိုလုပ်ငန်းတွေကိုတာဝန်ခံတဲ့အဖွဲ့အစည်းတွေ အားကောင်းပေမယ့် မြန်မာနိုင်မှာတော့ အခုချိန်ထိအဲဒီလိုအဖွဲ့အစည်းတွေမရှိသေးတာကြောင့် သစ်အချောထည်ဈေးကွက် အားနည်းနေရခြင်းဖြစ်ကြောင်းသစ်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးကပြောပါတယ်။
သီးသန့်အဖွဲ့အစည်းမရှိတာကြောင့် သစ်အချောထည်လုပ်ငန်းရှင်အများစုဟာလုပ်ငန်းအခက်အခဲတွေ တင်ပြအဖြေရှာရေးမှာလည်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းသစ်လုပ်ငန်းရှင်တွေကပြောပါတယ်။
မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်အသင်းရဲ့ထုတ်ပြန်ချက်အရတနိုင်ငံလုံးမှာအသင်းနဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ စက်ရုံလုပ်ငန်းပေါင်း နှစ်ရာကျော်အထိရှိပေမယ့် အမှန်တကယ် အပြည့်အ၀လည်ပတ်နေတဲ့လုပ်ငန်းတွေကတော့ ၄၀ လောက်ပဲရှိတယ်လို့ သိရပါတယ်။

Category

🗞
News

Recommended