အခုတလောလူငယ်တွေအကြားရေပမ်းစားနေတဲ့လုပ်ငန်းတွေထဲမှာတော့ မီဒီယာလုပ်ငန်းကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေဟာပွင့်လင်းစ မြန်မာနိုင်ငံအတွက် အရှိန်ယူနေကြတဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေမှာလူငယ်တွေ ဘယ်လောက်အထိ ပါဝင်လာကြပြီလဲ၊ လာမယ့် အနာဂတ်မှာရောဘယ်လိုအလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေပြီလဲ၊ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတော့ မရှုမ၀အောင်က တင်ပြပေးသွားမှာဖြစ်ပါတယ်။