Skip to playerSkip to main content
  • 9 years ago
အခုတော့ မန္တလေးဘက်က သတင်းတပုဒ်ကို တင်ပြပါအုံးမယ်။ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအတွက် တိကျတဲ့ အမှတ်တံဆိပ်တွေနဲ့သာ ရောင်းချသွားဖို့ ဆွေးနွေးတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး အခုလအတွင်းမှာပဲ မန္တလေးတိုင်း ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကနေ တွေ့ဆုံနွေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦစီးမှူးက ပြောခဲ့တာဖြစ်ပါတယ်။
ပြည်ပကနေ ဈေးကွက်တွင်းနေ့စဉ်ဝင်ရောက်နေတဲ့ စားအုန်းဆီအမျိုးအစားတွေကို တိကျတဲ့ဆီအမျိုးအစား၊ ထုပ်ပိုးမှုနဲ့ အမှတ်တံဆိပ်အမည်တွေတပ်ပြီး ရောင်းချရေးဆွေးနွေးသွားမှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအနေနဲ့ နှစ်စဉ် ဆီစားသုံးမှုဟာ တန်ခြောက်သိန်းလောက်ရှိနေပါတယ်။ ဒါကြောင့် ဆီစားသုံးမှုလိုအပ်ချက်အရ လစဉ် စားအုန်းဆီတန်ချိန် သုံးသောင်းနီးပါးလောက်ကို ပြည်ပကနေ တင်သွင်းနေရကြောင်း မန္တလေးတိုင်းဆီကုန်သည်နဲ့ လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

Category

🗞
News

Recommended