Skip to playerSkip to main content
  • 9 years ago
အခု ဟိုတယ်လုပ်ငန်းနဲ့ ပက်သက်တဲ့သတင်းတပုဒ်ကို ကြည့်ရအောင်ပါ။ နိုင်ငံတော်ဧည့်ဂေဟာအတွင်းက ဟိုတယ်တွေ ပြီးသွားရင်တော့ နေပြည်တော်မှာတည်ဆောက်နေတဲ့ဟိုတယ်အလုံးပေါင်း ၆၀ ကျော်ရှိလာတော့မှာဖြစ်ကြောင်း ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။
အခုချိန်မှာတော့ နေပြည်တော်မှာရှိနေတဲ့ ဟိုတယ်ပေါင်းဟာ ၅၃ လုံးဖြစ်ပြီး အခန်းပေါင်း လေးထောင်ကျော် ပါဝင်ပါတယ်။ နိုင်ငံတော်ဧည့်ဂေဟာအတွင်းက တည်ဆောက်ဆဲဟိုတယ်တွေပြီးသွားရင်တော့ အခန်းပေါင်း ၁၈၀၀ ကျော်တိုးလာမှာဖြစ်ပါတယ်။
နိုင်ငံတော်ဧည့်ဂေဟာအတွင်းမှာ ဟိုတယ် ၁၀ လုံးတည်ဆောက်နေပြီး ဒီနှစ်ကုန်မှာကျင်းပဖို့ရှိနေတဲ့ ဒုတိယအကြိမ်အာဆီယံထိပ်သီးအစည်းအဝေးပွဲအမီ အပြီးဆောက်လုပ်သွားဖို့ တိုက်တွန်းထားတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

Category

🗞
News

Recommended