Skip to playerSkip to main content
  • 9 years ago
မြန်မာနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့နဲ့ အ၀တ်အထည်တွေရဲ့ ပြည်ပတင်ပို့မှု ရရှိငွေဟာ ပို့ကုန်ဝင်ငွေစုစုပေါင်းရဲ့ တ၀က်လောက် ရှိနေပါတယ်။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ အခုလအတွင်းထုတ်ပြန်လိုက်တဲ့ ကုန်သွယ်မှုစာရင်းတွေအရ အခုဘဏ္ဍာနှစ် သဘာဝဓါတ်ငွေ့တင်ပို့ရရှိငွေဟာ ကန်ဒေါ်လာ သန်း တစ်ထောင့်သုံးရာကျော်နဲ့ အ၀တ်အထည်တင်ပို့မှုဟာ သန်ပေါင်း လေးရာနီးပါးဖြစ်ပါတယ်။ ပို့ကုန်စုစုပေါင်း တင်ပို့ရှိငွေကတော့ ကန်ဒေါ်လာ သန်းပေါင်း ၃၄၀၀ ကျော်ဖြစ်ပြီး ဓါတ်ငွေ့နဲ့ အ၀တ်အထည်နှစ်မျိုး တင်ပို့ရရှိငွေဟာ ပို့ကုန်စုစုပေါင်းရဲ့ ၄၉ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။
ဒါ့အပြင် အရင် ဘဏ္ဍာနှစ်ကာလတူထက် ဒီနှစ်မျိုးရဲ့တင်ပို့ရရှိငွေဟာ အခုနှစ်မှာ ကန်ဒေါ်လာ သန်း ၁၃၀ ကျော် ပိုမိုရရှိခဲ့ပါတယ်။

Category

🗞
News

Recommended