Skip to playerSkip to main content
  • 9 years ago
ပဲစိုက်တောင်သူတွေအတွက် ၀မ်းသာစရာ သတင်းပါ။ ငါးနှစ်အတွင်းအမြင့်ဆုံးစံချိန်တင်ဈေးကို ပြန်လည်ရောက်ရှိလာတဲ့ ပြည်တွင်းပဲဈေးတွေ ဆက်လက်မြင့်တက်နေပါတယ်။ အခုဆိုရင် မတ်ပဲတစ်တန်ကိုကျပ်ငွေ ကိုးသိန်းခွဲကျော်သွားပြီဖြစ်ကြောင်းဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းတွေမှာဖော်ပြထားပါတယ်။အဓိက ၀ယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၀ယ်လိုအားမြင့်တက်နေတာကြောင့် အဓိကတင်ပို့ပေးနေတဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲဇင်းငုံဈေးတွေဟာအခုနှစ် နှစ်ဆန်းပိုင်းကနေတဖြည်းဖြည်း မြင့်တက်နေပါတယ်။
အခုလိုပဲဈေးတွေ မြင့်လာတာဟာလွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးစံချိန်တင်ဈေးကိုရောက်လာတာဖြစ်သလို အိန္ဒိယ၀ယ်လိုအားပေါ်မူတည်ပြီးဈေးတွေ ထပ်မြင့်လာနိုင်ကြောင်းပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်းရဲ့ အတွင်းရေးမှူးဖြစ်သူကပြောပါတယ်။

Category

🗞
News

Recommended