ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လောင်းမြို့နယ်မှာရှိတဲ့ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကို ဒီနှစ် နှစ်ကုန်ပိုင်းကနေစပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်သွားတော့မှာဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီး ဦးမော်သာထွေးက ပြောပါတယ်။
၇၀ မဂ္ဂါဝပ်ထုပ်လုပ်နိုင်အားရှိတဲ့ တာဘိုင် ၂ လုံးကနေ စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်အထိ ထုပ်လုပ်သွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလဆန်းမှာ ပထမတာဘိုင်ကို စတင်လည်ပတ်မှာဖြစ်ပါတယ်။ အဲဒီနောက် နိုဝင်ဘာလဆန်းပိုင်းမှာ ဒုတိယ တာဘိုင်ကို ဆက်လက်လည်ပတ်ပြီး ဓါတ်အားထုတ်လုပ်သွားမှာဖြစ်ပါတယ်။
အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကနေ ရရှိလာလတဲ့ လျှပ်စစ်ဓါတ်အားကို မြန်မာနိုင်ငံ မဟာဓါတ်အားလိုင်းကနေတဆင့် နိုင်ငံအနှံ့ကို ဓါတ်အားဖြန့်ဖြူးပေးသွားမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။