Skip to playerSkip to main content
  • 9 years ago
မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းဇုန်နေရာတွေမှာ ဟိုတယ်ဆောက်ခွင့် မပြုတော့ဘူးလို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောလိုက်ပါပြီ။
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ပျူမြို့ဟောင်းနေရာတွေအပြင် ရှေးဟောင်းဇုန် ၄၆ ဇုန်နေရာတွေမှာ ဟိုတယ်ဆောက်လုပ်ခွင့်ကို ပိတ်လိုက်ပြီး ရှေးဟောင်းဇုန်နေရာတွေမှာ မြေဈေးကစားတာတွေလည်း ရှိနေပါတယ်။ ဒီအတွက် မြေ၀ယ်သူတွေအနေနဲ့လည်း ဒီခြေအနေကိုသိဖို့ သတိပေးလိုက်တာလို့လည်း ပြောပါတယ်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ရှေးဟောင်းဇုန်တွေမှာ ဟိုတယ်နဲ့အခြားဆောက်အအုံ ဆောက်လုပ်ခွင့်အတွက် ၀န်ကြီးဌာနကို သတ်မှတ်ချက်တွေနဲ့အတူ တင်ပြရမှာဖြစ်ပြီး ခွင့်ပြုခြင်း ဒါမှမဟုတ် ငြင်းပယ်ခြင်း ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

Category

🗞
News

Recommended